ဂီတလောကမှာ ပရိသတ်အားပေးလက်ခံမှုအများအပြားရရှိခဲ့တဲ့ တေးသံရှင် အာဇာနည်နဲ့ မော်ဒယ်လ် ဝမ်းတို့ ဇနီးမောင်နှံကတော့ ခက်ခဲမှုတွေ ကြားကနေ ပရိသတ်အားကျရတဲ့ မိသားစု တစ်ခုအဖြစ် ဖန်တီးပြနိုင်ခဲ့တဲ့ အနုပညာရှင်တွေဘဲဖြစ် ပါတယ် ။ ကောင်းတူဆိုးဖက် လက်တွဲမဖြုတ်ဘဲ တစ်ယောက်ကို တစ်ယောက် ဖေးမရင်း လက်တွဲလာခဲ့ကြတာ အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ နေ့ရက် တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းေ နပါတယ်။သားလေး နှစ်ယောက်ကလည်း အရမ်းကိုချစ်ဖို့ ကောင်းတာကြောင့်ပရိသတ်တွေရဲ့ အသဲကျော်လေးတွေဖြစ် လို့နေပါ တယ်။

ပထမဆုံး ဖစ်ဖစ်တုန်ဆိုတဲ့ သားလေးကိုမွေးဖွားခဲ့ပြီး ဒုတိမြောက်အနေနဲ့ချစ်ချစ်တုန်လေးကို မွေးဖွားခဲ့တာဘဲ ဖြစ်ပါတယ် ။ ညီအစ်ကို နှစ်ယောက်ကလည်း တစ်ယောက်ကို တစ် ယောက် အရမ်းချစ်သလို ဖေဖေ မေမေ တို့ဖြစ်တဲ့ အာဇာနည်နဲ့ ဝမ်းကလည်း တစ်ယောက် ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံတွေပါဘဲနော် ။ လက်ရှိမှာတော့ နန်းဆန် တဲ့ မြန်မာဆန်ဆန် အဝတ်စားလေးတွေ နဲ့ ချစ်စရာကောင်းတဲ့ မိသားစု ဓာတ်ပုံလေးတွေရိုက် ကူး နေကြပါတယ် ။ သူတို့မိသားစုရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ဝမ်းက သူမရဲ့လူမှု ကွန်ယက် စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဘဲဖြစ်ပါတယ်

ချစ်စရာကောင်းတဲ့ သားသားလေးနှစ်ယောက်နဲ့အတူ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ နွေးထွေးတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ အာဇာနည်တို့ ဇနီးမောင်နှံကတော့ တကယ်ကိုကြည်နူးစရာပါဘဲ ပရိသတ်ကြီးရေ ..။ ချစ်ပရိသတ်ကြီးအတွက် သူတို့မိသားစုရဲ့ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : MyatThinzar KyawOnee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။