ကမ္ဘာပေါ်မှာစားသုံးနေကြတဲ့ ကြက်သွန်နီ ကောင်းကြောင်းကို လူတိုင်းသိကြမှာပါ။ ဖော်ပြချက်တွေလည်း များစွာတွေ့ရှိရမှာပါ။ကောင်းကျိုးတွေကတော့ အများကြီးပါ။ ကြက်သွန်နီဟာ ဥ တွေတောင်မက ပင်စည်တွေ လည်းအသုံးဝင်လှပါတယ်။အာဟာရဓာတ်ကြွယ်ဝလှတဲ့ ကြက်သွန်နီဟာ ရေဓာတ်တွေလည်း များစွာပါဝင်နေပါ တယ်။ 

ပရိုတင်း၊ အမျှင်၊ဓာတ်သတ္တုများ၊ ထုံးဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ သံဓာတ်၊ နိုင်ယာစင်၊သိုင်ယာမင်း၊ ဓာတ်စတဲ့ ဓာတ်ပေါင်းစုတွေများစွာပါဝင်နေပါတယ်။ကြက်သွန်နီကောင်းကျိုးတွေပြောရရင် ပြောလိုတောင် ကုန်မှာမဟုတ် ပါဘူး။ အစာအိမ်အတွက်ရော အူလမ်းကြောင်း ပြီးတော့ ကင်ဆာ၊ နှလုံး၊ ဖျားနာခြင်းတို့ကိုပါ ပျောက်ကင်းစေ ပါတယ်။သွေးထဲမှာရှိတဲ့မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကိုလည်း ကျဆင်းစေပါတယ်။  

ဆီးရွင်စေတယ်။အသည်းကျန်းမာရေးကိုလည်း အထောက်ကူဖြစ်စေတယ်နော်။ လတ်တလော ဖြစ်ပျက်နေတဲ့ အအေမိနှာစေး စတဲ့ရာသီအကူးပြောင်းတွေကိုလည်း မဖြစ်အောင်ကာကွယ်ပေးပါသေးတယ်။ နေ့တိုင်းထမင်း စားတဲ့အခါ မှာစားနိုင်ရင်ပေါ့ ထမင်းနဲ့ကြက်သွန်နီတစ်လုံးကိုနေ့တိုင်းစားပေးပါ။ အမျိုးသားတွေအတွက် မျိုးပွား အဂါၤကိုသန်စွမ်းစေတယ်။ အမျိုးသားတွေ များများစားပေးသင့်တယ်နော်။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။