ပရိသတ်ကြီးရေ မင်းသမီးလေး စံရတီမိုးမြင့်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေ ရရှိထားသူ ဖြစ်ပါတယ်။ ဖြူစင်ဝင်းမွတ်တဲ့ အသားအရေနဲ့အတူ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမက အပြစ်ပြောစရာ မရှိလောက်အောင် ပြည့်စုံလှပလွန်းသူ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီး အလှတိုးလာတဲ့ သူမက လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာ သူမက "သစ္စာချည်တိုင်" ဆိုတဲ့ဇာတ်လမ်းတွဲလေးကို အလင်းရောင်၊ ငြိမ်းချမ်းကျော်၊ သားညီ ၊ သိန်းလင်းစိုး၊ မေသဉ္ဇာဦး၊ နန်းဆုဦး၊ ခိုင်ဇင်သက်၊ ဝမ်ဝမ်းတို့နဲ့အတူ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမက ပြီးခဲ့တဲ့ရက်ပိုင်းက Junction Square မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "SK Jewels Grand Opening " ပွဲလေးကို နန်းမြတ်ဖြိုးသင်းနဲ့အတူ တက်ရောက်ခဲ့ပါသေးတယ်။ အခုလည်း ရတီက ချစ်စရာကောင်းတဲ့ အပြောင်ပုံစံလေးတွေနဲ့ Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးခဲ့ပါတယ်။

ခွေးလေးတွေကို ချစ်တတ်တဲ့ စံရတီမိုးမြင့်က သရုပ်ဆောင် ဒွေးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ဇာတ်ဝင်ခန်းတစ်ခုက အသံလေးကို နောက်ခံထားပြီး Tik Tok မှာ ပြန်လည်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် လတ်တလောမှာ ခေတ်စားနေတဲ့ ကစ်ကစ်ရဲ့ ဇာတ်ကားတစ်ခုက အကယ်ဒမီဆုရအသံကိုလည်း တကယ့်ကိုအခွီတလိုင်းပုံစံ သရုပ်ဆောင်ခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး စံရတီမိုးမြင့်ရဲ့ ဟာသဗီဒီယိုလေးကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: San Yati Moe Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။