ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့လေးကတော့ Hip Hop နဲ့ Rap အဆိုတော် ကျော်ထွဋ်ဆွေနဲ့ သရုပ်ဆောင်၊ အဆိုတော် နန်းသူဇာတို့ ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်းနှစ်ပတ်လည်နေ့လေးပဲ ဖြစ်ပါတယ်။ ဂီတလမ်းကြောင်းမှာ သီချင်းတွေအတူ ဖန်တီးရင်း တူညီတဲ့ပန်းတိုင်ကို ကိုယ်စီလျှောက်လှမ်းအောင်မြင်နေကြတဲ့ သူတို့နှစ်ဦးက ဒီနေ့မှာတော့ အံ့သြဖွယ်ကောင်းလောက်အောင် ချစ်သူသက်တမ်း ၇ နှစ်၊ ၇လ ၊ ၇ရက်တိတိ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ သူတို့ချစ်သူနှစ်ဦးက တစ်ဦးကိုတစ်ဦး ဖေးမကူညီရင်း နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတာ ဖြစ်ပါတယ်။ တကယ့်ကိုနှစ်အတော်ကြာအထိ သစ္စာမပျက်ဘဲ လက်တွဲမဖြုတ်ကြတဲ့ သူတို့နှစ်ဦးကို ပရိသတ်တွေအားလုံးက အားကျချစ်ခင်နေကြတာ ဖြစ်ပါတယ်။ လိုက်ဖက်ညီတဲ့ သူတို့နှစ်ဦးက ခရီးတွေလည်း အတူသွားကြသလို ကြော်ငြာလေးတွေမှာလည်း စုံတွဲအဖြစ် အတူရိုက်ကူးကြတာလည်း တွေ့ရပါတယ်။

အခုလည်း ကျော်ထွဋ်ဆွေက သူတို့နှစ်ယောက်ရဲ့နှစ်ပတ်လည်နေ့လေးမှာ ခရီးသွားစဉ်က နန်းမြတ်ဖြိုးသင်းရိုက်ပေးထားတဲ့ သူတို့စုံတွဲပုံလေးကို တင်ရင်း ချစ်စကားအချို့ပြောထားတာ တွေ့ရပါတယ်။ "Lots of Ups and Downs along the way, but still. It’s been 7years, 7months and 7days " ဆိုတဲ့ ဘဝရဲ့လမ်းခရီးမှာ အတက်အကျတွေရှိနေပေမယ့်လည်း သူတို့နှစ်ယောက်ကတော့ ယနေ့လို ၇နှစ်၊ ၇လ၊ ၇ရက် တောင်ပြည့်တဲ့အထိ လက်တွဲနိုင်ခဲ့ပြီဆိုပြီး ချစ်သူနန်းသူဇာကို ပြောပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံတွဲလေးကို ရာသက်ပန်ပေါင်းဖက်နိုင်ဖို့ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြနော်။

Source: Kyaw Htut Swe & Nann Thuzar ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။