လက်ရှိအချိန်မှာတော့ တူရကီအစိုးရအနေနဲ့ ဆော်ဒီသတင်းထာက် ပျောက်ဆုံးနေမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။

၎င်းပြောက်ဆုံးနေတဲ့ သတင်းထောက် ဂျမယ်လ် ခါရွှန်းအီ ကတော့ အခုအချိန်ထိ သတင်းအစအနတောင်မရရှိသေးဘဲပြောက်ဆုံးနေတာဖြစ်ပါတယ်။ 

တူရကီရဲတွေကတော့ လက်ရှိအချိန်မှာ ဆော်ဒီကောင်စစ်ဝန်ရဲ့ အစ္စတန်ဘူလ်မြို့က နေအိမ်ကိုရှာဖွေခြင်းပြုလုပ်မှာမဟုတ်ဘူးလို့ပြောကြားထားပါတယ်။

ဒါ့အပြင် ဆော်ဒီရဲတွေဟာ သူတို့နဲ့ ပူးပေါင်းပါဝင်တာ မလုပ်နိုင်တဲ့အတွက် ရှာဖွေမှုကို အဆုံးသတ်ထားလိုက်တာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ 

သို့ပေမယ့် တူရကီနိုင်ငံခြားရေးဝန်ကြီး မေလု ချာဗူဗ်ရှောလူးကတော့ ဆော်ဒီသတင်းထောက်ပျောက်ဆုံးနေမှုကို စုံးစမ်းစစ်ဆေးတဲ့နေရာမှာ ဆော်ဒီကောင်စစ်ဝင်ရဲ့ အိမ်နဲ့ကားအပါအဝင် တချို့နေရာတွေကိုပါ ဆက်လက်စစ်ဆေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။ 

SOURCE -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။