မနေ့က အောက်တိုဘာလ ၁၆ရက်နေ့ နံနက် ၇ နာရီခွဲအချိန့်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ သနပ်ပင်စုကျေးရွာအနီးနှင့် မင်းဘူးမြို့တောင်ဘက် ဆားဗွက်ချောင်း တံတားအနီးတို့တွင် မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းလျက်ရှိသော အက်ဖ်-၇ လေယာဉ်နှစ်စင်း ရာသီဥတုဆိုးရွားမှု ကြောင့်ပျက်ကျခဲ့မှုကိုတော့ အားလုံးလည်း ကြားသိပြီးဖြစ်မယ်ထင်ပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျမှုတွေကြောင့် လေယာဉ်မှူးနှစ်ဦးနှင့်အတူ ၅တန်းကျောင်းသူတစ်ဦးပါ သေဆုံးခဲ့ရတာကိုတွေ့ရပါတယ်။  

အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေကတော့ ဝမ်းနည်းပူးဆွေးမှုတွေဖြစ်ပေါ်ခဲ့ရတာတွေ့ရပါတယ်။ ၎င်းသေဆုံးခဲ့တဲ့ လေယာဉ်မှူးနှစ်ယောက်ကတော့ DSA 53 ဗက ဖြိုးမောင်မောင် နှင့် DSA 50 ဗက ဟိန်းသူအောင် တို့ဖြစ်ပြီး ၅တန်းကျောင်းသူလေးကတော့ မသွယ်ဇင်ငြိမ်းဖြစ်ကြောင်း ကနဦးသတင်းများအရသိရပါတယ်။  

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးခဲ့တဲ့လေယာဉ်မှူးနှစ်ဦး၏မိသားစုနှင့် မသွယ်ဇင်ငြိမ်းရဲ့ မိဘများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ မကွေးတိုင်းဒေသကြီး၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးတို့က သွားရောက်အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းသိရပါတယ်။ စိတ်မကောင်းစရာဖြစ်ရပ်ဆိုးကြီးနဲ့ သေဆုံးခဲ့ရတဲ့ လေယာဉ်မှူးနှစ်ယောက်နှင့် မသွယ်ဇင်ငြိမ်းတို့ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Hein Min Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။