ပြီးခဲ့တဲ့ရက်ပိုင်းလောက်က Junction Square မှာ ကျင်းပတဲ့ SK Jewels Grand Opening ပွဲကို အနုပညာရှင်အများအပြားတက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပန်းရောင်ဝတ်စုံကိုယ်စီနဲ့ လှသွေးကြွယ်နေသူလေးတွေကတော့ မြင်သူတိုင်းငေးချင်စရာကောင်းလောက်အောင်ကို နတ်သမီးလေးတွေ အလား လှပလွန်းနေပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တွေဖြစ်ကြပြီး ပရိသတ်အားပေးမှုကိုယ်စီနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေကြ သူတွေလည်းဖြစ်ပါတယ်။

ဒီပွဲကို အကယ်ဒမီချစ်စနိုးဦး၊ အကယ်ဒမီပိုင်ဖြိုးသု၊ အကယ်ဒမီယွန်းယွန်း၊ စံရတီမိုးမြင့်၊ နန်းမြတ်ဖြိုးသင်း၊ ယမင်းမေဦး၊ အိချောပို၊ ရွှေအိမ်စည်၊ မာရီယာဂျေနော်၊ အုပ်စိုးခန့်၊ ဝါဆိုမိုးဦး၊ နှင်းသွေးယုအောင်၊ ရွှေပိုးအိမ်၊ ဝင့်ယမုံနိုင်၊ ဆုပန်ထွာ၊ သျှားထွန်အိန္ဒြာ၊ လီလီကျော်နိုင်၊ ဘုန်းနေလင်းခိုင်၊ ပိုပိုဟေသာ၊ ယမုံ၊ ဒီး၊ မြတ်နိုးဝေ၊ ထွဋ်မြတ်ရွှေရည်၊ လမင်းဖြူဖြူ၊ စတဲ့အနုပညာရှင်တွေတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။

ပန်းရောင်လွှမ်းတဲ့နေ့လေးတစ်နေ့လို့ဆိုနိုင်လောက်အောင် အားလုံးကပန်းရောင်ဝတ်စုံကိုယ်စီနဲ့ အလှကြီးလှနေကြတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပန်းရောင်မင်းသား မင်းသမီ းလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပခဲ့တဲ့ SK Jewels Grand Opening ပွဲလေးကို ပြီးခဲ့တဲ့ 14.1.2018 Junction Square မှာ ပြုလုပ်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းရဲ့ ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Rose Khin MeeMee Win 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။