မြန်မာ့လက်ရွေးစင်ဘော်လီဘောကစားသမားအောင်သူကတော့ ဂျပန်ကလပ် တိုရေးအသင်း၌သွားရောက်ကစားတော့မှာဖြစ်ပါတယ်။အရင်ကတည်းကသတင်းတွေ

ထွက်ခဲ့ပေမယ့်ပြိုင်ပွဲတွေရှိနေတာကြောင့်ပြိုင်ပွဲပြီးမှဆုံးဖြတ်မယ်လို့ပြောခဲ့တာဖြစ်ပါတယ်။

အောင်သူသည်ထိုင်းနှင့်ဗီယက်နမ်ကလပ်အသင်းများတွင်သွားရောက်ကစားဖူးပြီးတိုရေးအသင်းတွင်

မူယခင်အသင်းများ၌ရရှိခဲ့တဲ့လစာထက်ပိုများတဲ့လစာကိုရရှိမှာဖြစ်ပါတယ်။

တိုရေးဘော်လီဘောကလပ်အသင်းသည်ဂျပန်နိုင်ငံ၏အဆင့်မြင့်ဆုံးဘော်လီဘောလိဂ်ဖြစ်သော

VLeague၌ဝင်ရောက်ယှဉ်ပြိုင်နေသည့်အသင်းဖြစ်ပြီး ၂၀၀၄-၂၀၀၅ရာသီ၊ ၂၀၀၈-၂၀၀၉ရာသီနှင့် ၂၀၁၆-၂၀၁၇ရာသီတွင်ချန်ပီယံဆုရရှိခဲ့ဖူးသည်။ယင်းအသင်းသည် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိနေပြည်တော်၌ကျင်းပသည့် ၂၀၁၈အာရှကလပ်ချန်ပီယံရှစ်ဘော်လီဘောပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အဆင့် ၅ နေရာရခဲ့ကြောင်းသိရပါတယ်။

အောင်သူသည် ပြည်ပကလပ်အသင်းများတွင် ရှစ်နှစ်ကြာသွားရောက်ကစားဖူးပြီး ထိုင်းကလပ် နာခွန်ရာချတ်စီမာအသင်းတွင် နောက်ဆုံး ၃ ရာသီဆက်တိုက် ပါဝင်ကစားခဲ့သူဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်ရာသီတွင် နာခွန်ရာချတ်စီမာအသင်းနှင့်ထိုင်းလိဂ်ပြိုင်ပွဲတွင်ဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲ၏တန်ဖိုးအရှိဆုံးကစားသမားဆုကိုပါဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

PHOTO:Naing Aung Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။