ကမ္ဘာကြီးပူနွေးလာတာနဲ့ အမျှ နေရောင်ခြည်ထဲမှ ခရမ်းလွန်ရောင်ခြည် ထိုးဖောက်ဝင်ရောက်မှုမှာ ပိုပြီးတော့ မြင့်တက်လာပါတယ်။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် (UV) ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားအလွှာတွေကို ခြောက်သွေ့ ပျက်ဆီးစေနိုင်ပြီး ထိတွေ့မှုများလာတဲ့ အခါ အရေပြား ကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။

ပူပြင်းလှတဲ့ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြား ရောဂါ တွေ မဖြစ်အောင် ကြိုတင်ကာကွယ်မှုဟာ လိုက်နာသင့်တဲ့ အရာတွေပဲဖြစပါတယ်။ခရမ်းလွန်ရောင်ခြည် ဒဏ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ အချက်တွေကို ဖော်ပြပေးထားပါတယ်။

(၁)နေရောင်ခြည်ထဲကို မထွက်ခင်မှာ SPF (15) ပါဝင် တဲ့ Sunscreen ကို အရေပြားပေါ်မှာ စိမ့်ဝင်အောင်သေချာလိမ်းပြီးမှ အပြင်ကိုထွက်သင့်ပါတယ်။အထူးသဖြင့် ကမ်းခြေလိုနေရာမျိုးမှာ ရေကစားမယ်ဆိုရင် Sunscreenက မလိမ်းမဖြစ်လိမ်းသင့်တဲ့ အရာတစ်ခုပါ။

(၂)အထူးစီမံပြုလုပ်ထားတဲ့ sunscreen ကတော့ နေပူထဲမှာ တစ်နေကုန်အလုပ်လုပ်ရတဲ့ သူတွေအတွက် လက်၊လက်မောင်း၊လည်ပင်း၊ မျက်နှာစတဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာတွေကို လိမ်းပေးသင့်ပါတယ်။

(၃)နေပူထဲကို ထွက်တဲ့ အခါ နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်မယ့် အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်၊ နေကာမျက်မှန်၊ ဦးထုပ်တို့ သေချာဝတ်ဆင်ပြီးမှ အပြင်ထွက်သင့်ပါတယ်။

(၄)ကလေးငယ်တွေရဲ့ အသားအရေဟာ အရမ်းကို နူးညံ့တာကြောင့် သူတို့လေးတွေကို sunscreen လိမ်းပေးလို့ မရပါဘူး။ ဒါကြောင့် အပြင်ထွက်တဲ့ အခါနေရောင်ဒဏ်ကို ကာကွယ်ဖို့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ပေးသင့်ပါတယ်။

(၅)၆လထက် ငယ်တဲ့ ကလေးငယ်တွေကိုတော့ နေခင်းပိုင်းနေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့ခိုင်းတာ အကောင်းဆုံးဖြစ်ပါတယ်။ အကယ်၍ အပြင်ကိုထွက်ရမယ်ဆိုရင် လုံခြုံတဲ့ အဝတ်အစားတွေကို နေရောင်နဲ့ တိုက်ရိုက် မထိအောင် ဝတ်ဆင်ပေးသင့်ပါတယ်။

(၆)နောက်ဆုံးတစ်ချက်ကတော့ တစ်နှစ်ကို တစ်ခုလောက် အနည်းဆုံး ကိုယ့်ရဲ့ အရေပြားဆရာဝန်ဆီမှာ စမ်းသပ် စစ်ဆေးမှုတွေကိုပြုလုပ်သင့်ပါတယ်။

Source:www.healthywomen.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။