ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းနှင့်အတူ လိုက်ပါပြောင်းလဲလာသည့် ပြည်တွင်းယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို အားလုံးသိရှိကြမယ်ထင်ပါတယ်။ အဆိုပါပြောင်းလဲလာမှုတွေထဲမှာ မြန်မာ့ပညာရေး စနစ်ကတော့ အဓိကပါဝင်နေတဲ့ အရာတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။  

လက်ရှိ ပညာရေးစနစ်ကို ပြောင်းလဲမှုများစွာပြုလုပ်နေပြီး ပညာရေးစနစ်တိုးမြှင့်ရေးအတွက် အခြေခံပညာရေးမှစတင်ပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ အခြေခံပညာရေးပြောင်းလဲမှုတွေထဲမှာ ပရိသတ်တွေငယ်စဉ်က သင်ကြားဖူးခဲ့တဲ့ မြန်မာ့ကဗျာလေးတွေလည်း တိမ်းမြုပ်လာခဲ့တာတွေ့ရပါတယ်။  

ငယ်စဉ်က ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ဆွဲထင်နေတဲ့ အဆိုပါ ကဗျာလေးတွေထဲက အချို့ကတော့ ပြောင်းလဲနေရာသွားပြီဖြစ်တာကိုတော့ အားလုံးလည်း တွေ့မြင်နေရမယ်ထင်ပါတယ်။ လက်ရှိ ပျောက်ကွယ်သွားတဲ့ ကဗျာတွေနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့ကဗျာလေးတွေထဲမှာ ရှာဖွေတွေ့ရှိမှုအချို့ကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - mAY THET AUNG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။