ထိုင်းနိုင်ငံမှ ဝင်း နှင့် ဇော် ကို သေဒဏ်ပေးမည်နှင့်ပတ်သတ်၍ ဆက်လက်အယူခံဝင်မည်
ကမ႓ာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှု များသော လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံသား ဝင်း နှင့် ဇော် အဓိကတရားခံများအဖြစ် သတ်မှတ်၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ တွင် သေဒဏ်ချမှတ်ခဲ့သည်။ ထိုအမှုတွင် မြန်မာနိုင်ငံသားနှစ်ဦးအတွက် မြန်မာရှေ့နေ့များမှ အယူခံဝင်ပေးခဲ့ပြီး ၁ နှစ်ကျော် ကြာခဲ့သည်။ သို့သော် အယူခံဝင်ခဲ့ပေမယ့်လည်း ပြစ်မှုထင်ရှားသည်ဟု ဆိုကာ ၂၀၁၇ မတ်လ ၁ ရက်နေ့က သေဒဏ်ချမှတ်ခဲ့သည်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံသားအများစု စိတ်မကောင်း ဖြစ်နေကြတာတွေ့ရပါတယ်။ သို့သော်လည်း မြန်မာရှေ့နေများ အနေနဲ့ လက်လျော့ဦးမှာ မဟုတ်ပဲ အဆိုပါအမှုအတွက် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်ဖြစ်သည့် တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရန် လုပ်ဆောက်လျက်ရှိနေသည် ဟုသိရပါတယ်။
Source: Breaking News
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။