Sexy model မလေး စူးရှထက်ကိုတော့ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ ။

အဆိုတော် အစ္စဏီနဲ့ အမှုကို ရင်ဆိုင်နေရတာ ဖြစ်ပြီး သူမရဲ့ အနုပညာအလုပ်တွေကို တော့ ရှေ့ဆက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ် ။ သူမအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ အများအပြား ရှိခဲ့ပေမယ့် သူမကတော့ လက်ရှိမှာ သူမရဲ့အတိတ်ဆိုးတွေကို မေ့ပစ်ပြီး ပျော်ရွှင်နေပြီဘဲ ဖြစ်ပါတယ် ။

မကြာသေးမီကမှ သီတင်းကျွတ် အတွက် မိဘနှစ်ပါးကို ကျပ်သိန်း ၂၀တိတိလှူဒါန်းခဲ့တဲ့ သူမဟာ လက်ရှိမှာတော့ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ရွှင်နေပြီဖြစ်ပါတယ် ။ " ကဲတနေကုန် ဖရဲသီး 1000ဖိုူးကြံရည် 1500ဖိုးနဲ့ ပီးသွားရော

လူဘဝ နေတက်ရင် ကျေနပ်စရာ ဘယ်လိုတွေရယ်လဲမေး " ဆိုတဲ့စာသားနဲ့အတူတူ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သွားလာစားသောက်နေကြတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဘဲဖြစ်ပါတယ် ။ လောကဓံကို ပြုံးပြုံးလေးဘဲ ရင်ဆိုင်မယ်ဆိုတဲ့သူမဟာ တကယ်ဘဲ လောကဓံကို ပြုံးပြုံးကြီး ရင်ဆိုင်နေတာ ဖြစ်ပါတယ် ။

သူမ အနုပညာအလုပ်တွေ လုပ်ကိုင်နေစဉ်မှာ သူမရင်ဆိုင်နေရတဲ့ အမှုကိစ္စတွေ အတွက်ဝေဖန်တိုက်ခိုက်မှုတွေ မုန်းတီးသူတွေ အများပြားရှိခဲ့ပေမယ့် သူမ ကတော့ လောကဓံကို ပြုံးပြုံးလေး ရင်ဆိုင်ပြီး လုပ်စရာရှိတဲ့အလုပ်တွေကိုဆက်လုပ်နေခဲ့တာပါ ။ စူးရှထက်ကို ချစ်ခင်တဲ့ ချစ်ပရိတ်သတ်တွေ အတွက် အတိတ်ဆိုးတွေ မေ့ပစ်ပြီး ပျော်ရွှင် နေပြီဖြစ်တဲ့ သူမရဲ့ ဟန်ဆောင်မှုကင်းတဲ့ ပရိသတ်တွေကို ပြန်လည်မျှဝေပေးလိုက် ပါ တယ်နော် ။

Source : Su Sha Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။