ပြည်တွင်း ထင်ရှားကျော်ကြားတဲ့ဒေသတွေထဲမှာ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကြီးကိုတော့ အားလုံးသွားရောက်ဖူးမျှော်ဖူးကြမယ်ထင်ပါတယ်။ တောင်ကုန်းများစွာဝန်းရံထားပြီး လာရောက်လည်ပတ်ဖူးမျှော်သူတွေကို အမှန်တကယ် စိတ်ကြည်လင်အေးမြစေတဲ့ နေရာဒေသတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။  

အဆိုပါ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးကတော့ နှစ်စဉ် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များစွာနှင့် အတူစည်ကားလျှက်ရှိပြီး နိုင်ငံအထင်ကရဒေသတွေထဲကတစ်ခုလည်း ဖြစ်တာတွေ့ရပါတယ်။ မကြာသေးမီက ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ကင်ပွန်းစခန်းပေါ်မှာ စက်ဘီးစီး ပြခဲ့တဲ့ ဗီဒီယိုဖိုင်ကတော့ ပရိသတ်တွေကြား ရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ကျိုက်ထီးရိုးူစေတီရဲ့ ကင်ပွန်းစခန်းပေါ်ကနေ စတင်စီးနင်းခဲ့တာဖြစ်ပြီး ကြောက်စရာလမ်းများမှာ အမိုက်စားဖြတ်သန်းခဲ့တာတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ မကြာခဏ ချောက်ထဲကျသေကြေမှုတွေရှိတဲ့ အဆိုပါ ကျိုက်ထီးရိုးလမ်းမပေါ်မှာ စီးနင်းခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vEDIO - AUNG PAING SOE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။