Kakao Mobility ကတာ့ တောင်ကိုရီးယားနိုင်ငံအတွင်းက ထိပ်တန်း အွန်လိုင်းတက္ကစီဝန်ဆောင်မှုနဲ့ ယာဉ်ရပ်နားစခန်း ဝန်ဆောင်မှုတွေကိုလုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။

ဒီ ခါခါအို ကုမ္ပဏီဟာ သိပ်မကြာခင်အချိန်လေးမှာတော့ ရင်းနှီးမြုပ်နှံသူတွေနဲ့ ဟွန်ဒိုင်းကုမ္ပဏီတိုနဲ့ ပူးပေါင်းပြီး လူရှီလို့ခေါ်တဲ့ ပြည်တွင်းကားကြုံစီး လုပ်ငန်းသစ်ကို ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ 

၎င်းခါခါအို ကုမဏီကတော့ ပြီခဲ့တဲ့ အင်္ဂါနေ့ထဲကစပြီး ဒီလုပ်ငန်းသစ်အတွက် ယာဉ်မောင်းတွေစတင်စုဆောင်းနေခဲ့သလို ၎င်းစုဆောင်းမှုအတွင်းမှာပါဝင်တဲ့ ယာဉ်မောင်း တစ်ဦးကတော့ အခု ကားကြုံစီးနိုင်တဲ့ ယာဉ်မောင်းအလုပ်ကိုပြောင်းရင် သူတို့အတွက် အကျိုးအမြတ်ပိုများကောင်းများလာနိင်တယ်လို့ပြောကြားထားတာတွေ့ရပါတယ်။  

သို့ပေမယ့် ခါခါအို ကုမ္ပဏီရဲ့ ဒီကားကြုံစီးလုပ်ငန်းအသစ်ကိုတော့ မနေ့ကအောက်တိုဘာလ ၁၈ ရက်နေ့ တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးလ်မှာ သောင်းနဲ့ချီတဲ့ အငှားယာဉ်မောင်းတွေက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရတဲ့အကြောင်းအရင်းကတော့ ၎င်းကားကြုံစီးစနစ်ဟာ အငှားယာဉ်မောင်းတွေရဲ့ အသက်မွေးဝမ်းကြောင်းန့ အလုပ်အကိုင်တွေကို ခြိမ်းခြောက်လာနိုင်တာကြောင့် ဖြစ်တယ်လို့သိရပါတယ်။

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။