ကိုလံဘီယာ ပြည်တွင်းလိဂ်ပွဲစဉ်တခုမှာ ဖရီးကစ်လုကန်ရာကနေ အသင်းဖော်အချင်းချင်း ရန်ဖြစ်ပြီး ခေါင်းနဲ့တိုက်ခဲ့လို့ အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။

အက်သလက်တီကိုနေရှင်နယ်အသင်းနဲ့ ဒီပို့တီဗိုကာလီအသင်းတို့ ပွဲစဉ်မှာ အက်သလက်တီကိုနေရှင်နယ်အသင်းဘက်က ဖရီးကစ်ကန်သွင်းခွင့်ရချိန် အသင်းဖော်အချင်းချင်း ပြဿနာဖြစ်ခဲ့တာပါ။ 

ဖရီးကစ်ကန်ဖို့အတွက် ဝါရင့်တိုက်စစ်မှူး မိုရီနိုက သတ်မှတ်ထားတဲ့နေရာမှာ နေရာယူထားချိန် လူငယ်ကွင်းလယ်ကစားသမား လက်ကူမီက ဘောလုံးယူလာပြီး ကန်သွင်းဖို့ ကြိုးပမ်းခဲ့တာပါ။လက်ကူမီဆီက ဘောလုံးကို မိုရီနိုက လုယူဖို့ ကြိုးစားတာကြောင့် တွန်းထိုးမှုဖြစ်ခဲ့ပြီး တဖက်အသင်း ကစားသမားကိုလည်း ထိခိုက်မှုရှိခဲ့ပါတယ်။

အဲဒီနောက် လူငယ်ကစားသမား လက်ကူမီက ဘောလုံးလုယူတဲ့ ဝါရင့်တိုက်စစ်မှူး မိုရီနိုကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် ဒိုင်လူကြီးက အနီကတ်ပြပြီး ထုတ်ပယ်ခဲ့ပါတယ်။ဂိုးမရှိသရေကျခဲ့တဲ့ ဒီပွဲရဲ့ ပွဲအပြီးမှာလည်း တိုက်စစ်မှူး မိုရီနိုဟာ အထုတ်ခံခဲ့ရတဲ့ လက်ကူမီကို တိုက်ခိုက်ဖို့အတွက် အဝတ်လဲခန်းထဲကို ပြေးဝင်သွားလို့ အသင်းဖော်တွေက ဝိုင်းဝန်းတားဆီးခဲ့ရပါတယ်။

source: dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။