နာမည်ကျော် ဘောလုံးသမား အောင်သူနဲ့ မင်းသမီး ပိုးအိအိခန့်တို့ ချစ်သူမောင်နှံဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုရရှိထားတဲ့ ချစ်သူစုံတွဲ တစ်တွဲဖြစ်ပါတယ်။

နယ်ပယ်မတူပေ မဲ့ အောင်မြင်ကျော်ကြာသူနှစ်ဦးဖြစ်တဲ့အတွက် သူတို့နှစ်ဦးရဲ့ relationship  ကတော့ ကောင်းလို့ ပရိသတ်တွေကတော့ သူတို့အတွဲကိုအရမ်းချစ်နေ ကြတာပါ ။

ဒါပေမယ့် မကြာသေးမီကမှ ဘောလုံးသမားအောင်သူရဲ့ ဖေ့ဘုတ်အကောင့်ဟာ ဟက်ခံ ခဲ့ရပါတယ် ။

အကောင့်ဟက်တဲ့သူက " Hi ငါပါhackerပါဟ

ကိုအောင်သူနဲ့မပိုးအိအိခန့်တို့ရဲ့ကြည်နူးစရာပုံလေးတွေကြည့်ချင်လားဗျိုု့

ကြည့်ချင်တယ်ဆို ဒီ post ကို like 10k ရရင်ကျွန်တော်ကိုယ်တိုင်ချပြပါမယ်ဗျ" ဆိုတဲ့စာသားကို အကောင့်ဟက်ပြီး အောင်သူရဲ့ အကောင့်ကနေ ရေးသားခဲ့တာ ဖြစ်ပါတယ် ။

အေးအေးဆေးဆေး နေတတ်ပြီး ဘာကောလဟာလမှ မထွက်တဲ့ စုံတွဲလေးရဲ့ အတွင်း ရေးတွေကို ဘာလို့ လူသိရှင်ကြားဖွင့်ချချင်လည်းဆိုတာတော့ အံ့သြစရာပါဘဲ ပရိသတ် ကြီးရေ .. ။

အောင်သူရဲ့ ပရိသတ်တွေကတော့ လက်ရွေးစင်ပွဲနီးလာလို့ လေ့ကျင့်ရေးလုပ်နေရတဲ့သူကို အာရုံတွေ ထွေပြားအောင် မလုပ်သင့်ဘူးလို့ မှတ်ချက်ပေးထားတာတွေ့ရပါတယ် ။

တချို့ပရိသတ်တွေကလည်း " မင်း hackစရာ လူရှားနေလားကွာ နိုင်ငံကိုယ်စားပြုပီး suzukiဖလား ကန်ရတော့မယ့်သူကို အာရုံနောက်အောင်မလုပ်ပါနဲ့ကွ " လို့ ဂရုဏာဒေါသ တွေနဲ့ဝင်ပြီး comment ပေးထားကြတာတွေ့၇ပါတယ် ။

မြန်မာနိုင်ငံရဲ့လက်ရွေးစင် အတော်ဆုံးဘောလုံးသမား တစ်ယောက် ဖြစ်တဲ့အပြင် Suzuki ဖလားပြိုင်ပွဲနီးကပ်လာလို့ လေ့ကျင့်ရေးတွေ အပြင်းထန်လုပ်နေရတဲ့ အေးအေးဆေးဆေး သမား ဖြစ်တဲ့ အောင်သူရဲ့အကောင့်ကို ဘာရည်ရွယ်ချက်နဲ့ ဟက်လဲဆိုတာ မသိရပေမယ့် ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့လုပ်ရပ်မလို့ ကိုအောင်သူတစ်ယောက် အကောင့်အမြန် ဆုံးပြန်ရပါစေလို့ဘဲ ဆုတောင်းပေးပါတယ် ။

Source : Aung Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။