မြန်မာဘောလုံးသမိုင်းမှာအအောင်မြင်ဆုံးဖြစ်ခဲ့တဲ့အမှတ်တရအချိန်လေးကတော့ဘယ်တော့

မှပရိတ်သတ်တွေမေ့မရနိုင်တဲ့အမှတ်တရနေ့လေးကိုတော့ပရိတ်သတ်ကြီးသိကြမှာပါ။တစ်နိုင်လုံး

ရဲ့မျှော်လင့်ချက်အိမ်မက်တွေကိုမြန်မာယူ၂၀ဘောလုံးအသင်းကဖန်တီးပေးခဲ့တာပါ။အာရှအင်အားကြီး

အသင်းဖြစ်တဲ့UAEအသင်းကိုသန်းပိုင်ရဲ့သွင်းဂိုးတစ်ဂိုးနဲ့ယူ၂၀ကမ္ဘာဖလားဝင်ခွင့်ရခဲ့တာပါ။

မြန်မာအသင်းရဲ့ပရိတ်သတ်တွေရဲ့အပျော်တွေကကွင်းထဲထိကိုဝင်ရောက်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့၄နှစ်လောက်အချိန်တုန်းကဒီလိုအချိန်တွေမှာပရိတ်သတ်တွေအေပျော်ကြီးပျော်နေရ

တာဖြစ်ပါတယ်။အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့အာရှယူ၁၉ပြိုင်ပွဲမှာနာမည်ကြီးအင်အားကြီးအသင်း

တွေကိုဖြတ်ကျော်ပြီးကမ္ဘာဖလားဝင်ခွင့်တနေရာကိုယူခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲလေးမှာမြန်မာအသင်းဟာဆီမီးဖိုင်နယ်အထိတက်ရောက်ခဲ့ပြီးကာတာအသင်းကို

ခြေရည်တူကစားပြီးဦးဆောင်ဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့်နောက်ကျဂိုးတွေကြောင့်ရှုံးနိမ့်ခဲ့ရတာပါ

။ကာတာအသင်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့နာမည်ကြီးကစားသမားဖြစ်ခဲ့တဲ့ရာအူးကတောင်ချီးကျူးမှုတွေ

ပြုလုပ်ခဲ့ရဖြစ်ပါတယ်။ပရိတ်သတ်တွေပြန်အမှတ်ရဖို့အတွက်ဘယ်တော့မှမေ့မရမယ့်မြန်မာအသင်းရဲ့ပွဲလေးကိုမျှဝေပေးလိုက်ကပါတယ်။

PHOTO:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။