အနုပညာလောကရဲ့ လူသိများကျော်ကြားတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ မိုးယံဇွန်နဲ့ Miss Universe Myanmar တစ်ဦးဖြစ်တဲ့ အလှမယ် ဇွန်သံစဉ်တို့နှစ်ဦးကတော့ Aroma ရဲ့ (၇) နှစ်ပြည့်ပွဲမှာ စုံတွဲရှိုးလျှောက်ခဲ့ဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေကြားမှာတော့ သူတို့နှစ်ဦးတွဲနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒီသတင်းနဲ့ပတ်သတ်လို့ သူတို့နှစ်ဦးကတော့ ဘာမမပြောသေးတာ တွေ့ရပါတယ်။ 

မိုးယံဇွန်ကတော့ သူ့ရဲ့ Instagram မှာ စုံတွဲဓာတ်ပုံလေးတစ်ပုံတင်ထားတာ တွေ့ရပြီး ဒီဓာတ်ပုံအောက်မှာတော့ ဇွန်သံစဉ်ရဲ့ Love emoji လေးကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် မိုးယံဇွန်တင်ထားတဲ့ အပေါ်ပိုင်းအကျႌမပါတဲ့ ဓာတ်ပုံအောက်မှာလည်း ဒေါသထွက်နေတဲ့ emoji လေးဝင်ပေးထားတာတွေ့ရပြီး ပရိသတ်အချို့ကတော့ သူတို့နှစ်ဦးတွဲနေကြတယ်ဆိုပြီး ထင်ကြေးပေးထားကြတာ တွေ့ရပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးရဲ့ instagram profile တွေဟာဆင်တူဖြစ်နေကြတာကိုလည်း ပရိသတ်တွေ သတိထားမိခဲ့ကြရာ တွဲနေကြတာသေချာပြီလားဆိုတဲ့ မေးခွန်းထုတ်နေကြတာလည်း တွေ့ရပါတယ်။ နှစ်ဦးလုံးဟာ အနုပညာလောကမှာ နေရာတစ်နေရာရရှိထားကြသူတွေဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူတွေဖြစ်ကြတဲ့အပြင် လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ် ပရိသတ်ကြီးရေ......

Photo Source : Moe Yan Zun & Zun Than Sin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။