ကလေးငယ်တွေဆိုတာ မျက်စိအောက်မှာထားပြီး အမြဲစောင့်ရှောက်သင့်ပေမယ့် ခနလောက်လွှတ်ထားပေးမိတဲ့အခါမျိုးမှာ မိဘတွေ ကိုယ်တိုင်တခါမှမတွေးထားဖူးတဲ့ ကိစ္စတွေဖြစ်သွားတတ်ကြပါတယ်။

အခုအခါမှာဆိုရင်လည်း ထိုင်းနိုင်ငံ ဟတ်ရိုင်ခရိုင်ထဲက ဟိုတယ်တစ်ခုမှာတော့ ၅ နှစ်အရွယ်ကလေးငယ်လေးကို ခနလောက်လွှတ်ထားမိရာက အမြင့်ကနေပြုတ်ကြပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပါတယ်။ 

ဒီကလေးငယ်လေးသေဆုံးခဲ့ပုံကတော့ မနေ့ကအောက်တိုဘာလ ၁၈ ရက်နေ့ညပိုင်းမှာ ဖခင်ဖြစ်သူအမျိုးသားဟာ သူတည်းခိုတဲ့ဟိုတယ်အခန်းမှာ ရေဝင်ချိုးနေစဉ် ကလေးငယ်လေးဟာ ၈ လွှာကနေ ပြုတ်ကြပြီး သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

ကလေးငယ်လေးဟာ အခန်းထဲကထွက်လာပြီး အရေးပေါ်ထွက်ပေါက် တံခါးနားမှာ ဆော့ကစားနေရင်းနဲ့ တံခါးကိုဆွဲဖွင့်လိုက်တဲ့အတွက် အရှိန်လွန်ပြီး အဲ့ဒီတံခါးပေါက်ကနေ ပြုတ်ကြပြီး သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။  

ဖခင်ဖြစ်သူနဲ့ သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ မိသားစုနဲ့တွေ့ဆုံးဖို့အတွက် မလေးရှားကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ကလေးလေးသေဆုံးခဲ့ချိန်မှာတော့ မိခင်ဖြစ်သူဟာ ကလေးငယ်နဲ့တွေ့ဖို့ ဟိုတယ်ဧည့်ခန်းမှာ စောင့်ဆိုင်းနေခဲ့တာပါ ။

ဖခင်ဖြစ်သူအမျိုးသားဟာလည်း သူရေချိုးခန်းထဲကထွက်လာတဲ့အချိန်မှာ သူ့သားလေးသေဆုံးခဲ့ရတဲ့သတင်းကိုကြားသိလိုက်ရတဲ့အချိန်မှာ အင်မတန်မှတုန်လှုပ်မှုတွေနဲ့ စကားသံမထွက်တော့လောက်အောင်ကို ထိန်လန့်သွားခဲ့ပါတယ်။

အချိန်ခနတာလေးမှာ သားလေးကို ဆုံရှုံးလိုက်ရတဲ့ ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူအတွက်ကတော့ ဒီဖြစ်ရပ်ကြီးဟာ တကယ့်ကို အိမ်မက်ဆိုးကြီးတစ်ခုပါပဲ။

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။