ပရိသတ်တွေရဲ့အချစ်တော် ယွန်းဝတီလွင်မိုးကတော့ လက်ရှိမြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပြီး ကြော်ငြာလေးတွေ ရိုက်ကူးနေတာတွေ့ရပါတယ်။ သားလေး Liam နဲ့အတူ မြန်မာပြည်ကို ရောက်ရှိနေတာ ဖြစ်ပြီး ကျောင်းတစ်နှစ်နားထားတယ်လို့လည်း သိရပါတယ်။ မကြာခင် သြစတြေးလျကို ပြန်မှာလို့သိရပြီး မပြန်ခင်မှာတော့ Cosmetics ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။

ရုတ်တရက်ကျင်းပခဲ့တဲ့ သူမရဲ့ မင်္ဂလာပွဲကြောင့် ပရိသတ်တွေ အံ့သြခဲ့ကြပေမဲ့ လက်ရှိပျော်ရွှင်စရာ မိသားစုလေးပိုင်ဆိုင်ထားတာမို့ သူမရဲ့ ပရိသတ်တွေကတော့ ဝမ်းသာမဆုံးဖြစ်နေကြပါတယ်။ တနေ့ကတော့ Myanmar Plaza မှာ ဓာတ်ပုံသွားရိုက်ဖြစ်ခဲ့ပုံကိုတော့ ဓာတ်ပုံဆရာက

"Just simple Portrait for Khay Khay

ps - Myanmar Palaza က security တွေမောင်းထုတ်လို့ ပုံနဲနဲပဲရ" ဆိုပြီး ရေးတင်ထားတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ ခေးခေးဟာ ကျောင်းနားထားပြီး သားလေးကို အပြည့်အဝအချိန်ပေးနေတာကို တွေ့ရပါတယ်။ အဘိုးဖြစ်သူနဲ့တူတဲ့ မြေးလေးကိုလည်း ပရိသတ်တွေက သဘောကျနေကြပြီး သားလေးရဲ့ video လေးတွေ များများတင်ပေးဖို့ တောင်းဆိုနေကြတာလည်း တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ခုထိလှနေသေးတဲ့ မေမေ ယွန်းဝတီလွင်မိုးရဲ့ ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်......

Photo Source : Yun Waddy Lwin Moe

Photographer : Nay Myo Thuya

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။