အောက်တိုလာလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ ယီလန်စီရင်စုမှာ အမြန်ရထား လမ်းချော်သွားမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ခရီးသည် ၃၆၆ ဦးလိုက်ပါလာတဲ့ ၎င်းအမြန်ရထား ဟီမာအိတ်စ်ပရက်စ် ဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျေင်လောက်မှာ လမ်းချော်ခဲ့တာပဲဖြစ်ပါတယ်။  

အခုလိုရထားလမ်းချော်ပြီး တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူတွေအနက် ၁၇၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် အနည်းဆုံး လူ၁၈ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။  

အခုလိုမတော်မတမှုကြီးကြောင့် သေဆုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေဟာ ကြေကွဲဝမ်းနည်းမှုတွေများစွာကိုခံစားနေကြရပါတယ်။ တရုတ်တိုင်ပေအစိုးရကတော့ ဒီမတော်တဆမှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ 

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။