ထမင်းရည် ရရှိနိုင်ဖို့အတွက် အခြားသော ပါဝင်ပစ္စည်းများ မလိုဘဲ ရေနှင့် ဆန် ကိုသာ လိုအပ်ပါတယ်။ ထမင်းချက်ရာတွင် လိုအပ်သော ရေပမာဏထက် အနည်းငယ် ပိုထည့်ပြီး ထမင်းနပ်ခါနီးမှသာ ငှဲ့ချက်တာပြီး ရရှိလာသော အရည်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ထမင်းချက်ရာမှ ရရှိလာသော အာဟာရဓာတ်များစွာ ပါဝင်နေသော ရေ (ထမင်းရည်) ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ထမင်းကို ငှဲ့ချက်တဲ့ ထမင်းချက်နည်းက မရှိသလောက် ရှားနေခဲ့ပါပြီ။ သို့သော် ထမင်းရည်က ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်တာကြောင့် တစ်ခါတစ်ရံ အချိန်ပေးပြီး လုပ်ဖို့ အကြံပေးချင်ပါတယ်။

ထမင်းရည်ကို ကျန်းမာရေးအတွက်သာမက အလှအပေရေးရာအတွက်ကိုပါ အသုံးပြုနိုင်ကြပါတယ်။ ထမင်းရည်က ဆံသားကောင်းမွန်ဖို့ အတွက်နဲ့ အသားအရေ စိုပြေလှပစေဖို့အတွက်ကိုပါ အသုံးပြုနိုင်ပါတယ်။ အနည်းငယ် နွေးနေတဲ့ အချိန်မှာ ကျန်းမာရေးအတွက် သောက်သုံးနိုင်ပါတယ်။ အေးသွားချိန်မှာတော့ ဆံသားနှင့် ဦးရေကောင်းမွန်ဖို့အတွက် ထမင်းရည်နဲ့ ခေါင်းလျှော်နိုင်သလို မျက်နှာအရေပြား ချောမွေ့စေဖို့အတွက် ထမင်းရည်နဲ့ မျက်နှာသစ် ဆေးကြောနိုင်ပါတယ်။

ဒါ့အပြင် ထမင်းရည်က ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများမှာ -

- ကာယဉာဏ စွမ်းအားများ ကို မြှင့်တင်ပေးခြင်း။

- ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိပေးခြင်း။

- ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း။

- ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်းနှင့်

- ကုသပေးနိုင်ခြင်းနှင့်အစာအိမ်၊ အူရောင်ရမ်းနာတို့ကို ကာကွယ်နိုင်ကြပါတယ်။

ထမင်းရည်က ဖော်ပြပါ အကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်သလို သဘာ၀ အားဆေးတစ်မျိုးဆိုလည်း မမှားပါဘူး။ ဒီအကြောင်းအရာလေးတွေကို သိရှိပြီးပြီဆိုရင်တော့ ကျန်းမာရေးဗဟုသုတများ တိုးပွားမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။

သတင်းအရင်းအမြစ် - benefit of gruel (watery rice) - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။