၁အန်တိုနီယိုကွန်တီ

အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြကွန်တီကတော့ ရီးရဲလ်နည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံး နည်းပြဆိုရင်လည်း မမှားပါဘူး။ လော့ပ်တယ်ဂီနေရာ အစားထိုးဖို့ ရီးရဲလ်အသင်းက ကွန်တီကို ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေခဲ့ပါတယ်။ ရီးရဲရဲ့ နည်းပြထိုင်ခုံကို ရောက်ရှိဖို့ လက်တစ်ကမ်းသာလိုပါတော့တယ်။  

၂အာစင်ဝင်းဂါး

အာစင်ဝင်းဂါးက ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကပဲ နည်းပြလောကကို ပြန်လာတော့မယ်လို့ ကြေငြာခဲ့ပါတယ်။ ရီးရဲလ်အသင်း ရလာဒ်တွေ ဆိုးဝါးနေချိန် နဲ့ ဝင်းဂါးရဲ့ ဘောလုံးလောက ကို ပြန်လာဖို့ ခြေလှမ်းတော့မယ့်အချိန်က တိုက်ဆိုင်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရီးရဲကိုယ်တိုင် အသင်းမှာ နည်းပြဖို့ ၂ကြိမ်၃ကြိမ်လောက် အာစင်ဝင်းဂါးကို ကမ်းလှမ်းခဲ့ဖူးပါတယ်။  

၃ ပိုချက်တီနို

စပါးအသင်းရဲ့ နည်းပြ ပိုချက်တီနိုဟာ ဇီဒန်းထွက်ခွာသွားခဲ့တဲ့နောက် ရီးရဲလ်နည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့သူပါဒါပေမမဲ့ ပိုချက်တီနိုကိုယ်တိုင်က အသင်းမပြောင်းချင်သေးတာကြောင့် ရီးရဲတို့ လာ့ပ်တယ်ဂီကိုခေါ်ယူခဲ့တာပါ။

source: foxsportasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။