ကျန်းမာပျော်ရွှင်တဲ့ ဘဝဆိုတာ ငွေနဲ့ ဝယ်လို့ မရနိုင်တဲ့ အရာတစ်ခုပါ။ ကိုယ်ကျန်းမာဖို့အတွက် စိတ်ကလည်း ကျန်းမာနေမှ ရမှာပါ။ လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကျန်းမာနေဖို့ဆိုရင် အိပ်စက်ချိန်ဟာအရမ်းကို အရေးကြီးပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ပုံမှန်အားဖြင့် ယေဘုယျအားဖြင့် ၇ နာရီကနေ ၉ နာရီ ထိရှိသင့်ပါတယ်။ အိပ်ချိန်မမှန်တဲ့ အခါ ခန္ဓာကိုယ်အတွက် ဆိုးကျိုးများစွာဖြစ်ပွားစေနိုင်ပါတယ်။

အိပ်ချိန်မမှန်တဲ့ အခါ ဖြစ်ပေါ်လာစေနိုင်တဲ့ ဆိုးကျိုး (၇)ချက်ကို ဖော်ပြပေးထားပါတယ်။

(၁) အာရုံစူးစိုက်မှု လျော့နည်းလာခြင်း

အိပ်ယာဝင်နောက်ကျခြင်းတဲ့ အခါ အိပ်ယာထတာကိုလည်းနောက်ကျစေပါတယ်။ အိပ်ယာ နောက်ကျမှ နိုးခြင်းကြောင့် စိတ်မကြည်လင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ပြင် တစ်နေကုန် လုပ်သမျှအရာတွေကိုလည်း အာရုံစူးစိုက်နိုင်မှုနည်းလာပါတယ်။ ဒါဆိုရင်တော့ တစ်နေကုန်လုပ်ကိုင်သမျှအရာတွေ အဆင်ပြေတော့ မှာ မဟုတ်ပါဘူးနော်။

(၂)ကြမ်းတမ်းတဲ့ အသံကို ဖြစ်ပေါ်စေခြင်း

အိပ်ချိန်မမှန်တဲ့ အခါ ဆိုးရွားတာတစ်ခုကတော့ သင့်ရဲ့ ပင်ကိုယ်အသံကို ဆိုးစေတာဖြစ်ပါတယ်။ အိပ်ချိန်နောက်ကျပြီးမှ အိပ်တဲ့ အခါ သင်ရဲ့ အသံဟာ တည်ငြိမ်မှုမရှိတော့ပဲ အသံလုံးကြီးကြီး အသံအော်အော်ကြီး ဖြစ်အောင် ပြောင်းလည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် အဆိုဝါသနာပါတဲ့ သူတွေအတွက် အိပ်စက်ချိန်က အရမ်းကို အရေးကြီးပါတယ်။

(၃) မူးဝေ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်း

အိပ်ချိန်ပုံမှန်မရှိတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်လုပ်ဆောင်မှုတွေဟာ အမြဲလိုလို နှောင်းနှေးတတ်ပါတယ်။ အိပ်ချိန်မမှန်တဲ့ အခါ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေက နှောင်နှေးလာတဲ့ အတွက် အလုပ်တွေအများကြီး လုပ်ရတဲ့အခါ မခံနိုင်ပဲ မူးဝေခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၄)အဝလွန်ခြင်း

ဒါကိုတော့ အမျိုးသမီးအများစုက ကြိုက်ကြမှာမဟုတ်ပါဘူး။ မိန်းကလေးတွေဆိုတာ အမြဲ သွယ်လျတဲ့ ခန္ဓာကိုယ်လေးကိုပဲ ပိုင်ဆိုင်ချင်ကြတာပါ။ ဒါဆိုရင်တော့ အိပ်ချိန်မှန်ဖို့က အရမ်းကို အရေးကြီးတဲ့ ကဏ္ဍကနေ ပါနေပြီနော်။ ညစာစားပြီးတဲ့ နောက်ပိုင်း မိန်းကလေးအများစုက သရေစာမုန့်လေးတွေကိုစားတတ်ပါတယ်။ အဲ့လိုစားပြီး အိပ်တဲ့ အခါ အစာချေစနစ်ကိုနှောင့်နှေးစေတဲ့ အတွက် အဝလွန်ခြင်းကိုဖြစ်ပေါ်စေပါတယ်။

(၅)မျက်ကွင်းညိုစေခြင်း

မျက်ကွင်းညိုညိုကြီးနဲ့ လူတစ်ယောက်ကိုကြည့်ရတာ အတော်ဆိုးနေမှာပါ။ ဒီလိုမဖြစ်ဖို့ဆိုရင်တော့ အိပ်ချိန်ကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ မျက်ကွင်းညိုခြင်းဟာ အိပ်ချိန်မလုံလောက်ခြင်းနဲ့ အိပ်ချိန်ပြောင်းလိုက်တဲ့ အချိန်မျိုးတွေမှာ အဖြစ်များပါတယ်။

(၆)ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါတွေကို ပိုပြီးဆိုးရွားစေနိုင်ခြင်း

အိပ်ချိန်နောက်ကျတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းဓာတ်တစ်မျိုးဖြစ်တဲ့ ခရိုတီဆော့လ် ထွက်လာပြီ သွေးဖိအားကိုမြှင့်တက်စေနိုင်တာကြောင့် ရှိပြီးသားရောဂါတွေကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ ပိုပြီးဆိုးရွားတာကတော့ ကင်ဆာနဲ့ ဆီးချိုရောဂါတွေကို ဖြစ်ပွားနိုင်ခြင်းဖြစ်ပါတယ်။

(၇)စိတ်ဖိစီးမှုကို ပြင်းထန်စွာဖြစ်ပေါ်စေခြင်း

အိပ်ချိန်နောက်ကျတဲ့အခါ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ အိပ်ချိန်နောက်ကျခြင်းရဲ့ ရောဂါ လဏ္ခာတစ်ခုပဲ ဖြစ်ပါတယ်။ အိပ်ယာဝင်နောက်ကျတဲ့ လူတစ်ယောက်ဟာ သာမန်လူတွေထက် စိတ်ဓာတ်ကျခြင်းကို ပိုပြီးပြင်းထန်စွာခံစားရနိုင်ပါတယ်။

ဒါကြောင့် အသက်ကို ဉာဏ်စောင့်တယ် ဆိုတဲ့ စကားအတိုင်း ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ အရမ်းကို အရေးကြီးပါတယ်နော်။

Source:www.topyaps.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။