မန်ချက်စတာယူနိုက်တက်ကခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ ဂျူဗင်တပ်နောက်ခံလူ ဘိုနုချီက ဖွင့်ပြောလိုုက်ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မိမိရဲ့ နေအိမ်လို ဖြစ်နေတဲ့ ဂျူဗင်တပ်အသင်းဆီ ပြန်ချင်တာကြောင့် ပယ်ချခဲ့တာလို့ ဆိုပါတယ်။

အီတလီလက်ရွေးစင် ဘိုနုချီဟာ မနှစ်က အေစီမီလန်အသင်းမှာ ကစားခဲ့ပြီး အခုနှစ်မှ ဂျူဗင်တပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။၂၀၁၆ ခုနှစ်ကလည်း မန်စီးတီအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အသင်းနဲ့ရော အေး ဂျင့်နဲ့ပါ ဆွေးနွေးအပြီးမှာတော့ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တယ်လည်း ဘိုနုချီကဆိုပါတယ်။

ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကစားဖို့ မန်ချက်စတာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ မန်ယူနဲ့ ဂျူပီတို့ဟာ ၁နာရီ၁၅အချိန်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

source: dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။