မနေ့ညက ကန်သွားတဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စု (F) ပွဲစဉ်မှာ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး အသင်းက ရှက်တာဒိုးနက်အသင်း အိမ်ကွင်းမှာ (၃-ဝ) ဂိုးနဲ့  အနိုင်ယူခဲ့ပါတယ်။မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ ဒေးဗစ်ဆေးဗားက ပထမပိုင်း ပွဲချိန် မိနစ် ၃၀ မှာ အဖွင့်ဂိုုး စတင်သွင်းပေးခဲ့ပြီး  လာပေါ့တီက ၃၅ မိနစ်မှာ ဒုုတိယဂိုုးသွင်းခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၇၀ မှာ ဘာနာဒိုက မန်စီးတီးအတွက် တတိယ အနိုုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။အဆိုပါနိုင်ပွဲကြောင့် မန်စီးတီးက ရှက်ဒိုးနင်အိမ်ကွင်းမှာ ပထမဆုံးအနိုင်ရယူသွားနိုင်တဲ့ အင်္ဂလိပ်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မန်စီးတီးဟာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၆မှတ်နဲ့ အုုပ်စု (F) ရဲ့ဇယားထိပ်မှာ ဦးဆောင်နေပြီး ရှာတာဒိုးနက်က တော့ ရမှတ် ၂ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

source: dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။