ဂီတကိုချစ်မြတ်နိုးတဲ့ မအူပင်မြို့က ၀ါသနာရှင်လေးတစ်ယောက် အမေပေးတဲ့ ငွေတစ်သောင်းကိုပိုက်ပြီး Myanmar Idol ပြိုင်ပွဲဝင်ဖို့ထွက်လာခဲ့ပါတယ် ။ ဒါဟာသူ့ရဲ့ပထမဆုံးပြိုင်ပွဲတော့မဟုတ်ခဲ့ပါဘူး ။ သူချစ်တဲ့ ဂီတခရီးလမ်းမှာ နေရာတစ်ခုရဖို့ ကိုယ်စွမ်းရှိသလောက် အမြဲကြိုးစားနေခဲ့သူပါ ။ ကြိုးစားမှုတွေအတွက် အရာထင်လာတဲ့တစ်နေ့မှာတော့ သူ့ရဲ့ ကိုယ်တိုင်ရေးသီချင်းလေးကို နားထောင်ပေးပြီး သူ့ကိုမြေတောင်မြှောက်ပေးဖို့ Myanmar Idol ကဒိုင်တွေက ဆုံးဖြတ်လိုက်ပါတယ် ။ သေချာတာကတော့ သူ့ဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့မယ်ဆိုတာပါပဲ ။

သူ့ကို အသိအမှတ်ပြုပေးတဲ့သူတွေက ဒိုင်တွေတင်မဟုတ်ပါဘူး ... ပရိတ်သတ်တွေရဲ့ ရင်ထဲကိုပါ သူနေရာယူနိုင်ခဲ့ပါတယ် ။ သူ့ကိုအားပေးတဲ့ ပရိတ်သတ်တွေအတွက် သူရေးတဲ့ကိုယ်ပိုင်သီချင်းလေးတွေကို လူမှုကွန်ယက်ကနေ ဖြန့်ဝေပေးပြီး သူ့ကိုအားပေးတဲ့ ပရိတ်သတ်နဲ့ သူ အပေးအယူမျှခဲ့ပါတယ် ။ အသံပိုင်းဆိုင်ရာ အားနည်းချက်လေးအချို့ကို ဒိုင်တွေက ထောက်ပြခဲ့တာတောင် သူ့ပရိတ်သတ်တွေက အချစ်လျော့မသွားခဲ့ပါဘူး ။ ပြိုင်ပွဲတစ်လျှောက်လုံးမှာ Vote အများဆုံးရခဲ့ဖူးသူအဖြစ်ရော ယခုနောက်ဆုံးထွက်ခွာချိန်မတိုင်ခင်ထိ တစ်ခါမှ Bottom မှာမထိုင်ခဲ့ရသူအဖြစ်ပါ သူ့ပရိတ်သတ်တွေကသူ့အတွက်တာဝန်ကျေခဲ့တာပါ ။

အခြားပြိုင်ပွဲဝင်မောင်နှမတွေထွက်ခွာရချိန်တိုင်း ငိုကြွေးခဲ့တဲ့ သူက တကယ်တမ်းသူကိုယ်တိုင် ထွက်ခွာရချိန်မှာတော့ အပြုံးမပျက်ခဲ့ပါဘူး ။ နှုတ်ဆက်သီချင်းကိုအကောင်းဆုံးသီဆိုဖျော်ဖြေပေးခဲ့ပြီး ကျေးဇူးတင်စကားပြောရင်း ကျန်ရှိတဲ့ ပြိုင်ပွဲဝင်တွေကို ဆက်လက်အားပေးဖို့ Vote တွေပေးကြဖို့ပါ ပရိတ်သတ်ကြီးကိုတောင်းဆိုပေးခဲ့ပါတယ် ။ ပြိုင်ပွဲကနေရာကိုကျောခိုင်းခဲ့ရပေမယ့် သူ့ပရိတ်သတ်တွေရဲ့ ရင်ထဲမှာနေရာအများကြီးရသွားခဲ့တာပါ ။ ပွဲပြီးတဲ့နောက်မှာ လူမှုကွန်ယက်တွေပေါ်တက်လာတဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကစကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။

Photo Credit to Original Post Owner 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။