ဒီကနေ့ ည ၆နာရီမှာ စတင်ယှဉ်ပြိုင်ကစားကြမည့် မြန်မာ့ကိုယ်စားပြု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းနှင့် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကာရကီတို့ရဲ့ ပြိုင်ပွဲကြီးကတော့ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပနိုင်ငံအသီးသီးရဲ့ စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ပြင်းထန်တဲ့ခံယူချက်တွေနဲ့ ယှဉ်ပြိုင်ကြမယ့် ပွဲတစ်ပွဲဖြစ်တဲ့အပြင် နှစ်ဖက်ပြိုင်ဘက်ကစားသမားတွေရဲ့ အဓိကပွဲတစ်ပွဲဆိုလည်း မှားမယ်မထင်ပါဘူး။ 

ဒီကနေ့ အောင်လအန်ဆန်းရဲ့မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကြီးကတော့ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းနိုင်ရန်နှင့် နိုင်ငံဂုဏ်၊ ချန်ပီယံဂုဏ်တို့အတွက်ကြိုးစားရုန်းကန်ရမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။ အလားတူ မိုဟာမက်ကာရကီကလည်း သူ့ရဲ့ MMA ပြိုင်ပွဲတစ်လျှောက်ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းနိုင်ရန်နှင့် ချန်ပီယံဂုဏ်ကိုရရှိနိုင်ရန် ကြိုးစားသွားမယ့် ပွဲတစ်ပွဲပဲဖြစ်ပါတယ်။  

စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်သလို ပြည်တွင်း ပရိသတ်တွေရဲ့ အားမှုကြောင့် လက်ရှိ လက်မှတ်ရောင်းချမှုက ကုန်သလောက်ဖြစ်ခဲ့ရတာတွေ့ရပါတယ်။ ပြည်တွင်းပြည်ပလက်ဝှေ့ချစ်ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်လာမည့် ဒီကနေ့ အောင်လအန်ဆန်းနှင့် ကာရကီတို့ရဲ့ လက်ဝှေ့ပွဲလေးကို လက်မလွှတ်တန်းစောင့်ကြည့်ကြဖို့ပြောကြားရင်း မျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။