မနေ့က အောက်တိုဘာလ ၂၅ရက်နေ့ ည ၉နာရီကျော်ကစတင်လောင်ကျွမ်းခဲ့တဲ့ လှိုင်သာယာမီးလောင်မှုသတင်းတွေကိုတော့ ပရိသတ်တွေလည်း ကြားသိကြမယ်ထင်ပါတယ်။ အဆိုပါ မီးလောင်မှုကြီးကတော့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃၊ ဘုရားလမ်းထိပ် AA Electronics စက်ရုံမီးလောင်ကျွမ်းမှုတစ်ခုပဲဖြစ်ပါတယ်။  

မီးလောင်ကျွမ်းရာနေရာသို့ မီးသတ်ကားများစွာသွားရောက် ငြိမ်းသတ်ခဲ့ကြပေမယ့် လက်ရှိအထိငြိမ်းသတ်နိုင်ခဲ့ခြင်းမရှိသေးကြောင်း သိရပါတယ်။ လက်ရှိ မီးလောင်ကျွမ်းမှုကို Level 5 အဆင့်ဖြင့် ငြိမ်းသတ်နေရပြီး မီးထိန်းနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ မီးလောက်ချိန်(၁၂)နာရီကျော် ကြာမြင့်သော်လည်းမငြိမ်း သတ်နိုင်သေးတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကူညီပံ့ပိုးနေကြတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပုဂ္ဂိုလ်များနှင့် လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကတော့ ဆက်လက်ကြိုးစားလုပ်ကိုင်လျှက်ရှိကြောင်း သိရပါတယ်။  

လက်ရှိ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတွေနဲ့ သေဆုံးသူတွေရဲ့ စာရင်းကိုမသိရှိရသေးပဲ မီးငြိမ်းသတ်နိုင်ရန် ဆက်လက်ကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။ ကြောက်စရာမီးလောင်မှုကြီးတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ မနေ့က လှိုင်သာယာ AAအီလက်ထရောနစ်စက်ရုံ၊စက်မှုဇုန်(၃)မီးလောင်မှုဗီဒီယိုဖိုင်လေးကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vEDIO - MYANMAR FIRE SERVICE DEPARTMENT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။