မတ်လ ၄ ရက်နေ ့ယနေ ့နေ ့လည် ၂ နာရီခန် ့တွင် ရန်ကုန်မြို ့တော် ခန်းမရှေ ့၌ မျိုးချစ်အဖွဲ ့အစည်းတွေနဲ ့ရဟန်းသံဃာတော်တွေဟာ လိပ်ကျွန်းလူသတ်

မှုကြောင့် သေဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ ့ မြန်မာနိုင်ငံသား နှစ်ဦး အမြန်ဆုံးပြန်လည်လွှတ်မြောက်ဖို ့အတွက် စုပေါင်း ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ် ။

လိပ်ကျွန်းအမှုမှ ဝင်းဇော်ထွန်းနှင် ့ဇော်လင်းတို ့ကို ထိုင်းနို်င်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိ်ုင်ငံသား စုံတွဲ နှစ်ဦးကို သတ်မှုဖြင့် စွဲဆိုပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ ့က သေဒဏ်ချမှတ်ထားခြင်းဖြစ်ပါတယ် ။

ယင်းသို ့သေဒဏ်ချမှတ်ထားခြင်းအပေါ် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို ့ဘက်မှ ထိုင်းနို်င်ငံ ရှေ ့နေများ ကောင်စီ၊ မြန်မာရှေ ့နေများ ၊ မြန်မာသံရုံးတို ့က

ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာတင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံတရားရုံးက ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီ ၂၃ ရက်နေ ့တွင် ပယ်ချလိုက်ခြင်းဖြစ်ပါတယ် ။

ထို ့ကြောင့် လိပ်ကျွန်းအမှုကို ဆောင်ရွက်ရန် အစိုးရက အားကောင်းသည့် ကော်မတီပြန်လည် ဖွဲ ့စည်းကာ ထိုင်းတရား ဥပဒေ အရ အယူခံဝင်ရန် အလေးထား ဆောင်ရွက်နေပြီး အမှုတွင် လိုက်လံကူညီနေသည့် မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေး အဖွဲ ့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်

ရှိကြောင်းသိရှိရပါတယ် ။

သတင်းဓါတ်ပုံ-ရန်နိုင်ဇော်ဝင်း

Source : Local Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။