ခုလူတွေအဖြစ်များနေဆဲ အရင်တုန်းကလည်း ဖြစ်အခုလည်း ဖြစ်နေဆဲပါပဲ ဒီ အသည်းရောင်အသားဝါ ဘီပိုး စီပိုး တွေဟာ ကူးစက်ရောဂါဆိုလည်း မမှားပါဘူး။ သူတို့က ဘယ်လိုပုံစံမျိုးကူးစက်တယ်ဆိုရင် ဥပမာ မိသားစု အတွင်းမှာ ဘီပိုး စီပိုး ရှိတဲ့ သူရှိရင် ဘီပိုးကတော့ မိသားစု ကူးစက်နိုင်ခြေရှိပြီး စီပိုးကတော့ မကူးစက်နိုင်ဘူးလို့ သိရပါတယ်။ တစ်ကယ်လို့ ဘီပိုး ရောဂါရှိတဲ့သူတစ်ယောက်ရဲ့ သွေးကိုထိတွေ့လျင် ကူးစက်နိုင်ခြေများပါတယ်။

ဘီပိုး စီးပိုးရောဂါရှိတဲ့သူသုံးတဲ့ အပ်တွေဆိုရင်ကူးစက်နိုင်တဲ့ ရာခိုင်နှုန်းကတော့ အပြည့်ပါပဲ။ များသောအားဖြင့် ခုခေတ်လူငယ်တွေ အနေနဲ့ မူးယစ်ဆေးဝါး တွေသုံးပြီးအပ်တွေကို မျှသုံးရင်လည်း ကူးစက်ပါတယ်။ သွေးလိုလို့ ဘီပိုးစီးပိုးရှိတဲ့ သွေးကို မစစ်ဆေးပဲသွင်းမိရင်လည်း ကူးစက်နိုင်ပါတယ်။ပြီးတော့ ပိုးရှိတဲ့သူရဲ့ သွားပွတ်တံ ၊ မုတ်ဆိတ်ရိတ်တဲ့ဓားတွေကို မျှဝေမသုံးသင့်ပါ။ ရင်နှီးတယ် အရမ်းချစ်ခင်တယ်ဆိုရင်လည်း ဒီလိုလူသုံးကုန် ပစ္စည်းတွေကိုတော့ မျှဝေမသုံးသင့်ဘူးလို့ မှာပါရစေ။ 

ချစ်သူချင်း နှုတ်ခမ်းချင်းထိမိတဲ့အခါ သို့မဟုတ် အရမ်းနက်ရှိုင်းမှုဖြင့် နမ်းမိတဲ့အခါမှာ တံတွေးကနေ တစ်ဆင့် ကူးစက်ဖို့တော့ ခဲယဉ်းပါသေးတယ်။ လိင်ဆက်ဆံမိတဲ့အခါမှာ ဘီပိုးရှိတဲ့သူ အမျိုးသမီးဖြစ်ဖြစ် အမျိုးသား ဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်။ စီးပိုးကတော့ ကူးစက်ဖို့ ခက်ခဲပါတယ်။မိခင်ကနေ ကလေးကို ဘီပိုးက ကူးစက်နိုင် ပါတယ်။ဘီပိုးဟာ ချွေးမှာလည်း ကူးစက်နိုင်ပါသေးတယ်။ စီပိုးကတော့ မကူးစက်နိုင်ဘူးလို့ သိရပါတယ်။ဒါကြောင့် အစစရာရာ သတိထားပေးမှ ရမှာနော် ကျန်းမာပျော်ရွင်နိုင်ကြပါစေ။

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။