မြန်မာ့အနုပညာလောကရဲ့ နာမည်ကျော် မင်းသားတစ်လက်ဖြစ်ခဲ့ဖူးတဲ့ ဥက္ကာမင်းမောင်ကတော့ ချစ်သူနဲ့အတူ ခရီးထွက်နေတယ်လို့ သိရပါတယ်။ ယနေ့ကတော့ သူတို့ချစ်သူနှစ်ဦးရဲ့ Anniversary ဖြစ်တယ်လို့ ဥက္ကာမင်းမောင်ရဲ့ Instagram story အရသိရပြီး သူတို့နှစ်ဦးရဲ့ အမှတ်တရနေ့ရက်လေးကိုတော့ ချစ်သူကိုယ်တိုင်မောင်းတဲ့ Jet လေယာဉ်ပေါ်ကနေ တိမ်စိုင်တွေကိုကြည့်ရင်း ဖြတ်သန်းနေတာကိုလည်း ကြည်နူးဖွယ်တွေ့ရပါတယ်။ 

ဥက္ကာမင်းမောင်ဟာ အနုပညာလောကနဲ့ အတော်ကြာကင်းကွာခဲ့ပြီး ပြည်ပမှာ နေထိုင်ရင်းကျောင်းဆက်တက်ခဲ့တာပဲဖြစ်ပါတယ်။ မြန်မာပြည်ကို ခဏပြန်လာပြီး "မေထုန်ရာသီဖွား" ရုပ်ရှင်ကားကြီးတစ်ကားမှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိခဲ့ပါတယ်။ Gay ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး နောက်ပိုင်းမှာလည်း ပရိသတ်တွေက ဝန်းရံခဲ့ကြပြီး ရှေ့ဆက်သွားဖို့ အားပေးခဲ့ကြပါတယ်။ 

လက်ရှိမှာတော့ ချစ်ရသူနဲ့အတူ ကမ႓ာပတ်ခရီးထွက်နေတာတွေ့ရပြီး ပျော်စရာနေ့ရက်လေးတွေကို ပိုင်ဆိုင်လို့ထားပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေလုပ်ကိုင်တော့ခြင်းမရှိပေမဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်ပြီး LGBT အသိုက်အဝန်းရဲ့ အားပေးမှုကိုလည်း ရရှိထားသူလည်းဖြစ်ပါတယ်။ 

Photo Source : Oakka Min Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။