မြန်မာပြည်ရဲ့အထင်ကရပွဲတော်တွေထဲမှာ ရိုးရာလှေလှော်ပွဲကြီးကတော့တသ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အထက်မြန်မာပြည်သာမက မြန်မာအောက်ပိုင်းရှိနေရာအနှံ့အပြားမှာ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပြီး စည်ကားသိုက်မြိုက်စွာတွေ့မြင်ရပါတယ်။ အဆိုပါမြို့ကြီးတွေထဲမှာ အထင်ကရမြို့တစ်ခုဖြစ်တဲ့ တနသာၤရီတိုင်းဒေသကြီးအတွင်းမှာလည်း နှစ်စဉ် လှေလှော်ပြိုင်ပွဲတွေကျင်းပလျှက်ရှိကြောင်း သိရပါတယ်။ 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့မှာ နှစ်ပေါင်း ၈၆၅ နှစ်ကြာကျင်းပလာခဲ့တဲ့ ရိုးရာနဂါး လှေလှော် ပွဲတော်ကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့က တနင်္သာရီမြစ်တွင်းမှာ ကျင်းပခဲ့တာတွေ့ရပါတယ်။ "ဟိုးအရင်ကတော့ ပြိုင်ပွဲတွေလုပ်တယ်လို့တော့ပြောတယ်။ အခုကတော့ မပြိုင်ပွဲတော့ဘူး။ အလှပြတဲ့ လှေသဘင်ပွဲတော်ပေါ့။ နှစ်စဉ်ထိန်းသိမ်းလာတာ ဒါက အခုဆို နှစ် ၈၀၀ ကျော်နေပြီ။ ဒီနှစ်က ပွဲတော်မှာ ပါဝင်လှော်ခတ်တဲ့ နဂါးလှေ ၆ စင်း ပါတယ်။ အကြီးက ၅ စင်းရှိတယ်။ အသေး ၁စင်းကတော့ ထိန်းသိမ်း ထားတာ နှစ် ၁၀၀ နီးပါးလောက် ရှိပြီ ။ ရိုးရာအစဉ်အလာတိုင်းနှစ်စဉ်မပျက် ကျင်းပတဲ့ ပွဲတစ်ခုပါ ။’’ လို့ နဂါးလှေလှော်ပွဲတော်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦး အောင်သူရက ပြောပြခဲ့ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတဲ့ရိုးရာပွဲတော်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေတဲ့ ရိုးရာနင်္ဂါးလှေလှော်ပြိုင်ကြီးကိုတော့ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပခရီးသွားဧည့်သည်တွေကိုပါ ငေးမောစေခဲ့တာတွေ့ရပါတယ်။ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ ဒီကနေ့ ၈၆၅နှစ်မြောက်နင်္ဂါးလှေလှော်ပြိုင်ပွဲပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

ဓာတ်ပုံ - Ko Shwan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။