ကလေးတွေဆိုတာက လူကြီးတွေလို သိပ်မကျန်းမာမဖွံ့ဖြိုးနိုင်သေးပါဘူး။ ကလေးတွေအနေထားနဲ့ ဖြစ်နိုင်ချေ ရှိတဲ့ ဝေဒနာတွေကို မိဘလူကြီးတွေ အနေနဲ့ သိထားတတ်ထားဖို့လိုပါတယ်။ကလေးတွေဟာ လူကြီးတွေလို ဘယ်လိုကြောင့် ဘာဖြစ်နေတာလို့ မပြောတတ်တာကြောင့် သူတို့ကို အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုစိုက်မှ တော် ရာကြမှာပါ။ ဒါကြောင့် မွေးကင်းစကလေးတစ်ယောက်ဟာ အရမ်းငိုနေပြီဆိုရင် ဒါဟာ လေနာဖြစ်ဖို့ ပိုများပါ တယ်။

လေနာဆိုရင်တော့ သိထားရမှာက တစ်နေ့ကို ၃ နာရီ တစ်ပတ်ကို ၃ ရက်အထက်ငိုတယ်ဆိုရင်တော့ လေနာ လို့ယူဆလို့ရပါတယ်လို့ ဆိုထားပါတယ်။ပြီးတော့ ညဘက်တွေမှာ ပိုငိုတတ်ပါတယ်။ ကလေးမွေးပြီး ၂ ပတ်လောက်ကတည်းကနေ လေနာခံစားရနိုင်ပါတယ်။ လေနာကိုတော့ ကလေးတိုင်လိုလို ခံစားရတာ တွေ့ရ ပါတယ်။မိခင်တွေ အနေနဲ့လည်း ကလေးအတွက် မထိခိုက်အောင် ဂရုတစ်စိုက်နေထိုင် စားသောက်ရပါမယ်။ ကလေးနားမှာ ဆေးလိပ်သောက်သုံးခြင်း ဘယ်သူမဆို လုံးဝမသောက်မိပါစေနဲ့။ 

တစ်ချို့ကတော့ နို့ဗူးတွေကြောင့်ဖြစ်တတ်ပြီး ဘယ်လိုနို့ဗူးကိုဝယ်တိုက်ရမယ်ဆိုတာကို ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီးမှ တိုက်တာပိုကောင်းစေပါတယ်။မိခင်နို့်တိုက်ခဲ့ရင်လည်း နို့်တိုက်ပြီးတိုင်းမှာ လေကိုထုတ်ပေးဖို့ မမေ့ ပါနဲ့ ။နို့တိုက်မိခင်တွေ အနေနဲ့ အရက်၊ ဆေးလိပ်၊ အားဖြည့်အချိုရည်၊ အပူအစပ်တွေ၊ ကော်ဖီ၊ အသင့်ပြင်ထား တဲ့ အစားသောက်တွေကို တတ်နိုင်သမျှရှောင်နိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။ 

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။