မိခင်ရဲ့ ဝမ်းဗိုက်ထဲကထွက်လာချိန်မှာတော့ ကိုယ်လက်အင်္ဂါပြည့်ပြည့်စုံစုံ နဲ့ ပုံမှန်လူသားတစ်ယောက်အဖြစ်နဲ့ မွေးဖွားလာသူတွေကတော့ အများကြီးမှအများကြီးပါပဲ။

ဒါပေမယ့် မိမွေးတုန်းကတော့ အကောင်းအတိုင်းဖြစ်ပေမယ့် ကိုယ်ပြုလိုက်တဲ့အကြောင်းကိစ္စတစ်ခုကြောင့် မိမိတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ သာမန်နဲ့မတူကြတော့တဲ့သူတွေလည်းများစွာရှိကြပါတယ်။

ထိုသူတွေထဲမှာမှ ဒီတစ်ခေါက်ဖော်ပြပေးချင်တဲ့သူတစ်ဦးကတော့ ဦးခေါင်းတစ်ခြမ်းကအထဲချိုင့်ဝင်နေတဲ့ လူသားတစ်ဦးအကြောင်းပဲဖြစ်ပါတယ်။ 

သူရဲ့နာမည်ကတော့ Carlos Todriguez ဖြစ်ပြီး နာမည်ပြောင်ကတော့ Halfy ပဲဖြစ်ပါတယ်။

သူဟာမိခင်မွေးတုန်းကတော့ အကောင်းအတိုင်းဆိုပေမယ့် သူမောင်းနေတဲ့ကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဝဲယာနားက ဓာတ်တိုင်တစ်ခုကို ဝင်တိုက်မိတဲ့အခါမှာတော့ သူ့ရဲ့ဦးခေါင်းဟာ အဲ့ဒီတိုက်မိတဲ့အရှိန်ကြောင့်ပဲ ချိုင့်ဝင်သွားခဲ့တာဖြစ်ပါတယ်။ 

သူ့ရဲ့ဦးခေါင်းဟာချိုင့်ဝင်သွားခဲ့ပေမယ့် သူ့ရဲ့ဦးနှောက်နဲ့ အထဲကအာရုံကြောတွေကို ကြီးကြီးမားမားထိခိုက်စေတာမျိုးမဖြစ်ခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ Halfy ဟာ လူကောင်းတစ်ယောက်လို အပြင်လောကမှာ သွားလာနေထိုင်နေတာပဲဖြစ်ပါတယ်။

သူတိုက်မိခဲ့တဲ့ အရှိန်ဟာ အရမ်းပြင်းထန်လှသလို ဦးခေါင်းကြီးတစ်ခြမ်းလုံး ချိုင့်ဝင်သွားတာတောင် အသက်မသေဘဲ လူကောင်းတစ်ယောက်လိုပြန်နေထိုင်လာနိုင်တာကြီးက အင်မတန်မှထူးဆန်းလှတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ 

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။