ကျောင်းလခအတွက် အပျိုစင်ဘဝကို လေလံတင်တဲ့ မိန်းကလေး

ခုချိန်ထိ အပျိုစင်အနေနဲ့ပဲ ရှိသေးတဲ့ ကျောင်းသူတစ်ယောက်က ပြည်ပမှကျောင်းတက်ဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို အွန်လိုင်းမှာ လေလံတင်ရောင်းချနေပါတယ်။ Ariana က အသက် ၂ဝသာရှိသေးတဲ့ ရုရှားသူလေးဖြစ်ပြီး website ကနေတစ်ဆင့် လေလံက ပေါင် တစ်သောင်းသုံးထောင်ကျော်နဲ့ စျေးဖွင့်ထားပါတယ်။

သူမက ဆေးပညာကို တခြားနိုင်ငံမှာသင်ယူလို့တယ်လို့ ပြောကြားပြီး ကျောင်းလခကအရမ်းစျေးမြင့်မှာမို့ ဒီလိုလုပ်ရတာလို့ ပြောပါတယ်။ ကျောင်းတက်ရင်း အလုပ်လုပ်လို့ရပင်မဲ့ စာကိုဘဲအာရုံစိုက်ပြီး ပိုက်ဆံအတွက် စိတ်မပူချင်လို့ ဒီလိုလုပ်ရတာပါတဲ့။ သူ့ကိုယ်သူ မှားတယ်လို့တော့ မထင်ဘူးလည်း ပြောပါတယ်။ ဒီနည်းလမ်းက အလွယ်ကူဆုံးနဲ့ အမြန်ဆုံး နည်းလမ်းလို့လည်း ပြောကြားခဲ့ပါတယ်။ သူမရဲ့ မိဘတွေကလည်း မချမ်းသာတဲ့အတွက် ပညာသင်ဖို့က ဒီနည်းလမ်းကလွဲရင် မရှိဘူးလို့ ဆိုပါတယ်။ မိဘတွေက သူမဆုံးဖြတ်ချက်ကို မသိသေးပင်မဲ့ သိတဲ့အခါမှာလည်း နားလည်အောင် အခြေအနေကို ရှင်းပြပေးပါမယ်တဲ့။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။