မိန်းကလေးတစ်ယောက်အတွက် မျက်နှာအသွင်အပြင်လှပနေဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ညစ်ညမ်းတဲ့ လေထု ဖုန်မှုန့်တွေနဲ့ ထိမိတဲ့အခါ မျက်နှာရဲ့ အတွင်းပိုင်းကို ဝင်ရောက်ပြီး မလိုမလားအပ်တဲ့ ဝက်ခြံတွေထွက်လာတတ်ပါတယ်။ ဝက်ခြံဆိုတဲ့ အရာကို မိန်းကလေးအများစုကတော့ သေလောက်အောင်ကြောက်ကြပါတယ်။ ဒါဆို ဘယ်လို ကုသမှုတွေပြုလုပ်သင့်လဲ…။ ပိုက်ဆံလည်းမကုန် Side effectလည်းမရှိဘဲ ဝက်ခြံတွေကို အမြန်ဆုံးပျောက်ကင်းစေနိုင်မယ့် သဘာဝနည်းအရကုသနိုင်တဲ့ နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်နော်။

(၁) ပန်းသီး ရှာလကာရည် - ပန်းသီး ကိုအချဉ်ဖောက်ပြုလုပ်ထားတဲ့ ရှာလကာရည်ပါဝင်တဲ့ organic acid က မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပြီး အမဲစက်ဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) ပျားရည် mask - ပျားရည် မှာဆိုရင် antioxidant ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံတွေကို ပျောက်ကင်းစေဖို့ အတွက်အထူးသင့်လျော်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ပျားရည်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ၁၀ မိနစ်လောက်အခြောက်ခံရပါမယ်။ မျက်နှာပေါ်မှာရှိတဲ့ ပျားရည်တွေခြောက်သွားပြီဆိုရင်တော့ maskကိုဘယ်လိုက်ပြီး ရေလေးနဲ့ ဆေးပေးရပါမယ်။

(၃) ရှားစောင်းလက်ပတ်- ရှားစောင်းကရတဲ့ အနှစ်ဟာဆိုရင် မျက်နှာအသားအရေရဲ့ အစိုဓာတ်ကို ထိန်းညှိပေးပြီး ဝက်ခြံတွေကို မဖြစ်လာနိုင်အောင်တားဆီးပေးပါတယ်။

(၄) ငါးကြီးဆီ- ငါးကရတဲ့ အဆီကို ဝက်ခြံဖြစ်ပေါ်စေတဲ့နေရာမှာ လိမ်းပေးမယ်ဆိုရင် ဝက်ခြံတွေကို ထပ်ပြီးမဖြစ်လာနိုင်အောင်တားဆီးပေးပါတယ်။

(၅) Scrubလုပ်ခြင်း- မျက်နှာပေါ်က မလိုလားအပ်တဲ့ အညစ်အကြေးတွေနဲ့ အစိတ်အတောက်တွေကို ဖယ်ရှားတာ ဖြစ်ပါတယ်။အိမ်မှာ ရှိတဲ့ သကြားနဲ့ အုန်းဆီကို အချိုးကျရောစက်ပြီး ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာပေါင်းတင်တဲ့ နည်းအတိုင်း ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံဖြစ်ပေါ်မှုတွေကို လျော့နည်းစေပါတယ်။

Source:www.healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။