ပရိသတ်တွေဒီတစ်ခေါက်ဖော်ပြချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်က လျှာအရှည်ဆုံး အမျိုးသမီး နဲ့ အမျိုးသားတို့ရဲ့အကြောင်းလေးတွေပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ သာမန်လူတွေထက် ရှာည်လျားလှတဲ့ လျှာတွေကို ပိုင်ဆိုင်ထားကြတာကြောင့် ထူးခြားတဲ့သူတွေအဖြစ် မှတ်တမ်းတင်ခံထားရသူတွေပဲဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကမ္ဘာ့လျှာအရှည်ဆုံးအမျိုးသမီးရဲ့ နာမည်ကတော့ Adrianne Lawis ဖြစ်ပြီး သူမရဲ့အသက်ကတော့ လက်ရှိအချိန်မှာ ၂၁ နှစ်ဝန်းကျင်လောက်ရှိနေပြီပဲဖြစ်ပါတယ်။

သူမရဲ့လျှာကတော့ 4 လက်မလောက်ရှည်လျားပြီး သာမန်လူတွေရဲ့လျှာထက်ဆိုရင် နှစ်ဆနီးပါးလောက် ပိုပြီးရှည်လျားနေတာပဲဖြစ်ပါတယ်။

အခုလိုရှည်လျားတဲ့ လျှာကို ပိုင်ဆိုင်ထားတာဟာ သူမရဲ့ထူးခြားမှုတစ်ခုဖြစ်သလို သူမကိုလူသိများလာစေတဲ့ အဓိကသော့ချက်တစ်ခုပဲဖြစ်ပါတယ်။ 

ဒုတိယတစ်ယောက်အနေနဲ့ ကမ္ဘာ့လျှာအရှည်ဆုံးအမျိုးသားကတော့ Nick Stoebael ဖြစ်ပြီး သူ့ရဲ့လျှာကတော့ 3.97 လက်မလောက်ရှည်လျားနေတာပဲဖြစ်ပါတယ်။

သူဟာ ဂနင်းစစ်မှတ်တမ်းစာအုပ်မှာလည်း ကမ္ဘာ့လျှာအရှည်ဆုံးအမျိုးသားအဖြစ် မှတ်တမ်းထင်ထားနိုင်သူတစ်ဦးဖြစ်သလို သူ့ရဲ့ရှည်လျားလှတဲ့လျှာကြောင့်သူငယ်ချင်းတွေကြားမှာလည်း မျက်နှာပွင့်လှသူတစ်ဦးပဲဖြစ်ပါတယ်။  

REF GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။