ပြီးခဲ့တဲ့စနေနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့လက်စတာအသင်းနဲ့ဝက်ဟမ်းအသင်းတို့ရဲ့တစ်ဖက်တစ်ဂိုး

စီသရေကျတဲ့ပွဲအပြီးမှာလက်စတာအသင်းပိုင်ရှင်ဝီချိူင်းကတော့ရဟတ်ယာဉ်ပျက်ကျမှု

နဲ့ကြုံတွေခဲ့ရပါတယ်။အဆိုပါဖြစ်ရပ်ကြောင့်အသင်းပိုင်ရှင်ဝီချိုင်းအပါအဝင်လေယာဉ်ပေါ်မှာရှိတဲ့လူ၅ယောက်အသက်ဆုံးရှုံးခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကိုပရိတ်သတ်အချို့နဲ့ဂိုးသမားရှူမိုက်ကယ်တို့ကတော့တွေ့ခဲ့ပြီးဝမ်းနည်းမဆုံး

ဖြစ်ခဲ့ရတာပါ။ပရိတ်သတ်တွေအသင်းဖော်တွေနဲ့မိသားစုဝင်တွေအကုန်လုံးစိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။

ဒီဖြစ်စဉ်ကိုစုံစမ်းနေတုန်းဖြစ်နေပေမယ့်လည်ခုမှာတော့ရဟတ်ယာဉ်ပျက်ကျတဲ့ဗီဒီယိုလေးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဝီချိုင်းဟာပွဲအပြီးကွင်းကနေရဟတ်ယာဉ်နဲ့အပြန်မှာအပေါ်ရောက်ပြီးသိပ်မကြာခင်မှာအဖြစ်ဆိုးနဲ့

ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။လက်စတာအသင်းကိုဝယ်ယူပြီးနောက်ပိုင်းအသင်းရဲ့အကြီးမားဆုံးအောင်မြင်မှု

အဖြစ်အမှတ်ပေးချန်ပီယံဆုကိုရယူပေးနိုင်ခဲ့သလိုကစားသမားတွေပရိတ်သတ်တွေနဲ့ရင်းရင်းနှီးနှီး

ရှိတာလည်းဖြစ်ပါတယ်။သူရဲ့ဝမ်းနည်းခြင်းအထိန်းအမှတ်ကိုတော့အိမ်ကွင်းဖြစ်တဲ့King Powerကွင်းရှေ့မှာပြုလုပ်ခဲ့ပြီးပရိတ်သတ်တွေနဲ့တူတူမိသားစုတွေကစားသမားတွေပါတက်ရောက်ခဲ့တာပါ။

SOURCE:Tactical Masterstroke

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။