သွေးပေါင်ချိန်ဟာ ကိုယ်ဟန်အနေအထိုင် နှလုံးခုန်နှုန်း၊ စိတ်ဖိစီးခြင်း၊ နှင့် အိပ်တဲ့အချိန်မှာ သွေးပေါင်ချိန်ကျတတ်ပြိး မနက်ထထချင်းအချိန်တို့တွင် သွေးပေါင်ချိန်တက်တတ် ပါတယ်။ လူတစ်ယောက်ရဲ့သွေးပေါင်ချိန်ကို ပုံမှန်အားဖြင့် 120/80 ဆိုပြီးသတ် မှတ်ထားရှိပါတယ်။ သွေးပေါင်ကျတယ် ဆိုရင် အပေါ်သွေးက ၉၀ ၊ အောက်သွေး ၆၀ သတ်မှတ်ထားပါ တယ်ရှင့်။ သွေးပေါင် ကျတယ်ဆိုရင်တော့ ထိုင်နေရာမှဖြစ်ဖြစ် လှဲလျောင်းနေရာကဖြစ်ဖြစ် ရုတ်တရက်သွေးပေါင်ကျတတ်ပါ တယ်။  

အထူးသတိပြုစေချင်တာက ခြေထောက်ချိတ်ထိုင်တဲ့ သူတွေအနေနဲ့ ၁၀ မိနစ်တစ်ခါ ပုံစံတစ်မျိုး ပြောင်ပေးပါ။ တစ်ချို့သောသူတွေကတော့ ထမင်းစားပြီး သွေးပေါင်ကျတတ်ပြီး တစ်ချို့ကတော့ သွေးပေါင် ပြန်တက်တတ်ပါတယ်။ အမျိုးသမီးတွေ အနေနှင့်ကိုယ်ဝန်ဆောင်ချိန်တွင် သွေးပေါင်ကျတတ်ပါတယ်နော်။ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ လေ့ကျင့်ခန်းအပြင်းထန်းလုပ်ခြင်း တို့ကြောင့် ရေဓာတ်ခန်းခြောက်တတ်ပါ တယ်ဒါကြောင့် ဆားဓာတ်ဆုံးရှုံးပြီး သွေးပေါင်ကျတတ်ပါတယ်။ 

သွေးထွက်လွန်သောဒဏ်ရာများရခြင်း၊ သွေးယိုစိမ့်ထွက်ခြင်း၊ သွေးဆိပ်တက်ခြင်း ၊စိတ်ရောဂါဆေးများ သောက်ရခြင်း။ မိတ်ဆွေကသွေးပေါင်ကျ နေတယ်ဆိုရင်တော့ ခေါင်းမှုးခြင်း၊ ခေါင်းလေးခြင်း၊ အမြင်ဝေးဝါးခြင်း၊ အားနည်းနေခြင်း၊ နှုံးခြင်း၊ အန်ခြင်း၊ ခြေလက်လေးလံခြင်း၊ မျက်နှာတွေ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ သတိမေ့ခြင်းတွေ ဖြစ်တတ်ပါတယ်။ သက်ကြီးရွယ်အိုများ အသက်ကြီးသူများ ဖြစ်တတ်ပါတယ်။ သွေးပေါင်က တတ်သူများအနေဖြင့် ဆားဓာတ် များများစားခြင်း၊ ဓာတ်ဆားရည် သောက်ခြင်း၊ ရေများများသောက်ခြင်း၊အရက်လျော့ သောက်ခြင်း ၊ ထိုင်ထ လုပ်ရာတွင်ဖြေးဖြေးချင် ပြုလုပ်ပေးခြင်း၊ အချိန်ကြာကြာ မတ်တပ်ရပ်နေခြင်းများကို မပြုလုပ်ဖို့မှာ ချင်ပါတယ်။  

JOlly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။