လူငယ်အများစုက တွေးတဲ့အခါ ဖြစ်ဖြစ်၊ ပျင်းတဲ့အခါ ဖြစ်ဖြစ်၊ ရှက်တဲ့ အခါဖြစ်ဖြစ် လက်သည်းကိုက်လေ့ ရှိကြပါတယ်။ တခါတလေ ဘာမှ အကြောင်းပြချက် မရှိဘဲနဲ့တောင် လက်သည်းကိုက်တတ်ကြပါတယ်။ ဒီအကျင့်က ကိုယ့်အတွက်တော့ ဘာမှ မဟုတ်ဘူး ထင်ရနိုင်ပေမယ့် အကျင့်ဆိုး တစ်ခုလို့ ပြောချင်ပါတယ်။ သူများတွေ လက်သည်းလှလှလေးတွေ မြင်ရင် သဘောကျ အားကျတာမျိုး ဖြစ်ပေမယ့် ကိုယ်တိုင်တော့ လက်သည်း မကိုက်မိဖို့ကို တော်တော်လေး ထိန်းချုပ်နေရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အကျင့်ဆိုး တစ်ခုဖြစ်တဲ့ လက်သည်းကိုက်တတ်တဲ့ အကျင့်ပျောက်အောင် ဘယ်လို လုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်အနားမှာ အမြဲတမ်း နီးပါး ရှိတတ်တဲ့သူ၊ ကိုယ့်အနားမှာ ရှိနေတတ်သူတွေကို လက်သည်းမကိုက်မိအောင် သတိပေးဖို့ မှာထားပါ။

၂။ သူတို့ သတိပေးတိုင်း လက်သည်းကိုက်ခြင်းကို ဖျောက်ပါ။

၃။ ဘာကြောင့် လက်သည်းကိုက်လဲ ဆိုတာကိုသတိထားပြီး လက်သည်းကိုက်စေတဲ့ အကြောင်းရင်းကို ရှောင်ပါ။

၄။ သံပရာခြမ်း ဆောင်ထားပါ။ အချိန်ရရင် ရသလို၊ သတိရရင် ရသလို လက်သည်းထိပ်တွေကို သံပရာခြမ်းနဲ့ ပွတ်ပါ။ လက်သည်း ကျန်းမာရေးအတွက်လည်း ကောင်းသလို လက်သည်းကိုက်မိတဲ့အခါလည်း ချဉ်သွားတာကြောင့် ကိုယ့်ကိုကိုယ် သတိပေးမိသလို ဖြစ်စေပါတယ်။

၅။ ကိုယ် ကိုက်ဖဲ့ထားတဲ့ လက်သည်းကို ဓါတ်ပုံ ရိုက်ထားပြီး ဖုန်း၊ laptop၊ desktop တွေမှာ wallpaper ပြောင်းထားပါ။ လက်သည်း ကိုက်တဲ့ အကျင့်ပျက်ပြီး လက်သည်းလေးတွေ လှလာမှ ပုံပြန်ပြောင်းရမယ်ဆိုတာ သတိထားပါ။

သေချာတာတစ်ခုကတော့ ဒီအချက် ၅ ချက်ကို လိုက်နာမယ်ဆိုရင် ကျိန်းသေ ဒီအကျင့်ဆိုးကို ဖျောက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ လက်ကို မဆေးရင်တောင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုရင် လက်သည်းကိုက်ခြင်းက ပိုပြီး ဆိုးစေပါတယ်။ လက်သည်းကိုက်တဲ့ အကျင့်ဆိုးက ကျန်းမာရေးရော အလှအပကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဖော်ပြပါ အချက်များကို သိရှိပြီး လက်သည်းကိုက်တဲ့ အကျင့်ဆိုးကို ပြင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ လှပ သပ်ရပ်သော လက်သည်းပိုင်ရှင်လေးတွေ ဖြစ်ကြပါစေ။

Tina 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။