မကြာခဏဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေထဲမှာ နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးပေါ်က သတင်းတွေကတော့ အများဆုံးဖြစ်တယ်ဆိုတာအားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာ ဆိုးရွားတဲ့ယာဉ်တိုက်မှုများစွာရဲ့ အဓိကဖြစ်စဉ်တွေကတော့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့ သဘာဝဘေးဒုက္ခတွေကြောင့် အဖြစ်များလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုတွေကြောင့် သေကြေမှုတွေနဲ့အတူ ဆုံးရှုံးမှုများစွာကတော့ မကြာခဏဆိုသလိုဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ 

ဒီကနေ့ အောက်တိုဘာလ ၃၁ရက်နေ့မှာလည်း နေပြည်တော် - မန္တလေးအမြန်လမ်းမကြီးတွင် ဆိုးရွားတဲ့ယာဉ်တိုက်မှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကတော့ ဒီကနေ့ နံနက် ၁၀နာရီ ၁၀မိနစ်အချိန်ခန့်တွင် နေပြည်တော်-မန္တလေး လမ်းမိုင်တိုင်အမှတ်(၃၃၆/၆-၃၃၆/၇) တွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ထိခုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ကြောင်း သိရပါတယ်။  

ဖြစ်စဉ်မှာ ယာဉ်မောင်း ကိုစောဝင်းကျော် မောင်းနှင်နေသည့် Toyota Brevis ခဲရောင်ယာဉ်၏ နောက်ပိုင်းအား လားရာတူ ယာဉ်မောင်း ကို ကျော်ဌေး(၄၅)နှစ် မေယု(၄)လမ်း မြောက်ဒဂုံမြို့နယ်နေသူ မောင်းနှင်လာသော Hino Ranger(၆)ဘီး ကွန်တိန်နာဘောက် အဖြူ/အပြာယာဉ်မှ ဝင်ရောက်တိုက်မိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါယာဉ်တိုက်မှုကြောင့် Toyota Brevis ယာဉ်မှာ လမ်းအလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်ခဲ့ပြီး. Toyota Brevisယာဉ်ပေါ်ပါ ယာဉ်မောင်းအပါဝင် ကျား(၃)ဦး မ(၂)ပေါင်း(၅)ဦးအနက် ကျား-၂ မ-၂ပေါင်း-၄ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိသဖြင့်. အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ စကားအင်းစခန်း တပ်ဖွဲ့ဝင်များ လမ်းရှင်းရေး နှင့် ဒဏ်ရာရ လူနာများ ဆေးရုံ ပို့ဆောင်ကုသနိုင်ရန် ကြိုးစားထားကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ ဖြစ်စဉ်တွေမကြာခဏဖြစ်ပေါ်တက်တဲ့ အဆိုပါ အမြန်လမ်းယာဉ်မောင်းညီအကိုများသတိပြုမောင်းနှင်နိုင်ရန် ဒီကနေ့ယာဉ်တိုက်မှုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။