မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ယနေ့မွန်းလွဲပိုင်းက ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် မိတ်ဆွေရင်းချာ အလွတ်သဘော တွေ့ဆုံခဲ့ကာ မြန်မာ့ဘောလုံး လောကတိုးတက်ရေး အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ဖီဖာဥက္ကဋ္ဌနှင့် MFF ဥက္ကဋ္ဌတို့သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ကွန်ဂရစ် အစည်းအဝေး၊ အာရှဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်စ် အစည်းအဝေး အပါအဝင် အစည်းအဝေးများ၊ အခမ်းအနားများတွင် မကြာခဏ ရင်းနှီးစွာ တွေ့ဆုံလေ့ရှိပါတယ်။

MFF ဥက္ကဋ္ဌက လက်ရှိမြန်မာ့ ဘောလုံးလောကအား ပိုမို အဆင့်အတန်း မြင့်မားလာစေရေး အလို့ငှာ လိုအပ်သည့် နည်းပညာ အကူအညီနှင့် အခြားပံ့ပိုးကူညီမှုများ ကူညီဆောင်ရွက်ပေး ရေးအတွက် တင်ပြခဲ့ပြီး ဖီဖာဥက္ကဋ္ဌကလည်း မြန်မာ့ဘောလုံးလောက အား လိုအပ်သည့်ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပွင့်လင်းစွာ ပြောကြားခဲ့ကြပါတယ်။ 

MFF ဥက္ကဋ္ဌနှင့် ဖီဖာ ဥက္ကဋ္ဌတို့ အတူတကွ ဆွေးနွေးခဲ့ကြသည့် ကိစ္စရပ်များအနက် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများ Youth Development Administration, National League and Competition Development, Sports Medicine, Media & Marketing Development အစရှိသည့် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖီဖာမှ နည်းပညာနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများအား မြန်မာ့ ဘောလုံးလောကသို့ ကူညီဖြည့်ဆည်းပေးနိုင်ရေးအား အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ 

SOURCE: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။