မကြာခဏဆိုသလိုဖြစ်ပေါ်နေတဲ့ ပြည်တွင်းမော်တော်ယာဉ်သတင်းတွေကတော့ ပရိသတ်တွေနေ့စဉ်ကြားသိရမယ်ထင်ပါတယ်။ အဆိုပါ သတင်းတွေထဲမှာ ဆိုးရွားတဲ့ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုနှင့် သဘာဝအလျှောက်ဖြစ်ပေါ်လေ့ရှိတဲ့ ဘေးအန္တရယ်များစွာကနေ့စဉ်နီးပါး ဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။  

ဒီကနေ့ နိုဝင်ဘာလ ၁ရက်နေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဂုံးကျော်တံတားပေါ်တွင် YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီကနေ့ နံနက်ပိုင်းက အင်းစိန်ဂုံးကျော်တံတားပေါ်တွင် YBS ၁၆ ယာဉ်တစ်စီး ဝါယာရှော့ဖြစ်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ မီးလောင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ခရီးသွားပြည်သူတွေကို ထိပ်လန့်စေခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပေမယ့် လူထိခိုက်သေဆုံးသူမရှိကြောင်း သိရပါတယ်။ မကြာခဏဆိုသလိုဖြစ်ပေါ်တက်တဲ့ အဆိုပါ ဖြစ်စဉ်တွေကိုယာဉ်မောင်းသူများ သတိပြုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photos - Kyi Myo Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။