မကြာခင်ကျင်းပတော့မယ့်ဆူဇူကီးဖလားပြိုင်ပွဲဝင်အသင်းကတော့ကာတာနိုင်ငံမှာခြေစမ်းပွဲတွေနဲ့လေ့ကျင့်ခန်းအစီစဉ်တွေလုပ်နေတာဖြစ်ပါတယ်။ဒီနေ့မှာတော့မြန်မာလက်ရွေးစင်အသင်းဟာမြန်မာနိုင်ငံကိုပြန်လာပြီးအပြီးသတ်လူစာရင်းတွေနဲ့တူတူဆူဇူကီးပြိုင်ပွဲအတွက်ပြင်ဆင်တော့မှာဖြစ်ပါတယ်။

အာစီယံအသင်းအချို့ကတော့အပြီးသတ်လူစာရင်းတွေထုတ်ပြန်ခဲ့ပေမယ့်မြန်မာအသင်းကတော့သိပ်မကြာခင်ထုတ်ပြန်တော့မှာပါ။ဒဏ်ယာကနေသက်သာလာတဲ့တိုက်စစ်မှူးအောင်သူလည်းကာတာနိုင်ငံမှာကစားတဲ့နောက်ဆုံးခြေစမ်းပွဲမှာပါဝင်ခဲ့ပြီးခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စုပွဲလေးပွဲအနက်၂ပွဲကိုအိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာအသင်းရဲ့အဖွင့်ပွဲကိုတော့မန္တလာသီရိကွင်းမှာကမ္ဘောဒီးယားအသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စုတက်ဖို့အတွက်ဆိုဗီယက်နမ်နဲ့မလေးရှားအသင်းတို့ကိုမဖြစ်မနေအနိုင်ကစားရဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။မြန်မာအသင်းကလည်းအာရှ၊တောင်အမေရိကအသင်းကြီးတွေနဲ့ခြေစမ်းခဲ့ပြီးကမ္ဘာဖလားကျင်းပခွင့်ရတဲ့ကာတာလိုနိုင်ငံမျိုးမှာထိပ်သီးအသင်းတွေနဲ့ခြေစမ်းခဲ့တာကြောင့်အကောင်းဆုံးခြေစမ်းတွေမှာရှိနေတာလည်းဖြစ်ပါတယ်။မကြာခင်ရက်ပိုင်းအတွင်းမှာယှဉ်ပြိုင်မယ့်ကမ္ဘောဒီးယားနဲ့ပွဲကိုလည်းလာရောက်အားပေးဖို့ဖိတ်ခေါ်ရင်းနဲ့မြန်မာအသင်းကိုတစ်ခဲနက်အားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။