ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှ ထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်တဲ့အတွက် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်မှာ နှစ်ကြိမ်တိုင် မှတ်တမ်းဝင်ခဲ့ပါတယ် ။ တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲဟာ ပိဋကတ်သုံးပုံကို နှှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်မှာ အခက်ခဲဆုံးစာမေးပွဲကြီးပါ။ ဘယ်လောက်ခက်ခဲလဲဆိုရင် စတင်စစ်ဆေးတဲ့ မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါတယ် ။

စာမေးပွဲအောင်မှတ်ကတော့ အမှတ်၁၀၀-မှာ ၇၅-မှတ်ရမှသာ အောင်မြင်တာပါ ။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာမှာ နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၄-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါတယ် ။

သတ်မှတ်ထားတဲ့ အချိန်အတွင်း သတ်မှတ်ထားတဲ့ စာမျက်နှာအရေအတွက် ကိုပြီး အောင်ပြန်ဆိုရတာပါ ။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါတယ် ။ လွတ်ရွတ်ဆိုရင်း ဝါကျတစ်ခု ကျော်သွားရင်လည်း စာမေးပွဲကျပါတယ် ။အဲဒါကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးလို့ခေါ်ဆိုရခြင်းဖြစ်ပါတယ် ။ ဆရာတော်ကြီးက အဆိုပါ စာမေးပွဲကြီးမှာ စာမျက် နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့တာပါ ။

ဒါတင်မကသေးပါဘူး ။ စာအုပ်မူကွဲ အမျိုးမျိုး ရှိတဲ့ထဲက ဘယ်စာအုပ်၊ စာမျက်နှာဘယ် လောက် ၊ စာကြောင်းရေဘယ်လောက်မှာ ဘယ်လိုဆိုတယ် ဘယ်စာအုပ်က အမှန် ဖြစ်တယ် အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါတယ် ။

ရေးဖြေ ဖြေဆိုရာမှာလည်း သီလက္ခန္ခဝဂ် – ၉၃-မှတ် ၊ မဟာဝဂ် – ၉၇-မှတ် ၊ ပါတိကဝဂ် – ၉၇-မှတ် ၊ ပါရာဇိကဏ် – ၈၉-မှတ် ၊ ပါစိတ်ပါဠိတော် – ၉၉-မှတ် ၊ မဟာဝဂ္ဂပါဠိတော် – ၉၂-မှတ် ၊ စူဠဝဂ္ဂပါဠိတော် – ၉၈-မှတ် ၊ ပရိဝါပါဠိတော် – ၁၀၀-မှတ် စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါတယ် ။

ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့မှာ မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါတယ် ။ ငယ်မည် မောင်ခင်ဖြစ်ပြီး ၇-နှစ်သား အရွယ်မှာ သာမဏေ ဝတ်ခဲ့ပြီး သက်တော် ၁၅-နှစ်သားမှာ ပထမငယ်တန်း၊ ၁၆-နှစ်သားမှာ ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါတယ် ။ ၁၂၉၅-မှာ အစိုးရပထမကြီးတန်းကို ပထမကျော်ဆိုတဲ့ ဘွဲ့ထူးနဲ့ အမြင့်ဆုံး အောင်မြင်ခဲ့ပါ တယ် ။ အဲဒီနှစ်မှာည သကျသီဟစာသင်တန်းကိုလည်းကောင်း၊၁၂၉၆-တွင် စာချတန်း ကိုလည်းကောင်း တစ်ဆက်တည်းအောင်မြင်လို့ ဝဋံသကာ(ဦးဆောက်ပန်းဘွဲ့) နဲ့ ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါတယ် ။ (ထိုဘွဲ့မှာ တနိုင် ငံလုံးတွင် ရ ရှိတော်မူခဲ့သော ဆရာတော် ကိုးပါးသာရှိပါသည်) ။

ပိဋကတ်သုံးပုံကို အထောက်အမကင်းအောင် အာဂုံပြန်ဆို နိုင်တဲ့အတွက် တရားဘဏ္ဍာစိုး ဟုအဓိပါ္ပယ်ရတေဲ့ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသေးတယ် ။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးမှာလည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါ ဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူနိုင်လို့ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါတယ် ။ ဒါ့အပြင် စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိတဲ့ မဟာဗုဒ္ဓဝင်ကျမ်းကြီး များကို လည်း ပြုစုခဲ့ပါတယ် ။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူး အမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြတာပါ ။

သာသနာ့အာဇာနည် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒမ္မေဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ဝိသဇ္ဇက၊ နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

Source : မင်္ဂလာမောင်မယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။