"ပရိသတ်တွေကို မိဘနဲ့ တဂိုဏ်းထဲထားပါတယ်" ဆိုတဲ့ အေးမြတ်သူ

မော်ဒယ်နှင့် သရုပ်ဆောင် အေးမြတ်သူကတော့ ပရိသတ်တွေကို မိဘနဲ့အတူ တဂိုဏ်းထဲထားပါတယ်ဆိုပြီး interview တစ်ခုမှာ ဖြေဆိုထားတာတွေ့ရပါတယ်။

အေးမြတ်သူ ဆိုတာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မော်ဒယ်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဖိုးကာ ရဲ့ တစိမ့်စိမ့်ကြည့် MTV ကနေစတင်နာမည်ကြီးခဲ့ပြီး သူမရဲ့ အများနဲ့မတူ တမူထူူးတဲ့ ဟန်ပန်အမူမယာလေးတွေကြောင့် ပရိသတ်အားပေးမှုကို ရရှိခဲ့ပြီး လက်ရှိမှာတော့ နာမည်ကြီးမင်းသမီးတစ်လက် ဖြစ်လို့နေပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဓာတ်ပုံ မဂ္ဂဇင်းတွေ ကြေငြာတွေမှာ အမြဲတွေ့နေရပြီး လက်ရှိမှာလည်း Bella Cosmetics အတွက် အနုပညာညီမ ၇ ဦးနဲ့အတူ ရိုက်ကူးလို့ နေပါတယ်။ 

အေးမြတ်သူကို အားပေးတဲ့ ပရိသတ်တွေချစ်ခြင်းမေတ္တာတွေကြောင့် ဒီနှစ်ပိုင်းမှာ လုပ်ငန်းတွေပိုပြီးလုပ်ရတယ်။ ကြော်ငြာတွေ ပိုပြီးရိုက်ရတယ်။ နေရာပေးခံရတဲ့နေရာက အများကြီးရိုက်ရတယ်ရှင့်။ အဲ့တာက ပရိသတ်တွေရဲ့ မေတ္တာတရားတွေကြောင့်ပါ။ အေးမြတ်သူရဲ့ ရင်ထဲမှာ မြတ်စွာဘုရားပြီးရင် အေးမြတ်သူကို ပဲ့ပြင်ဆုံးမနိုင်တာဟာ ပရိသတ်ပါ။ ပရိသတ်ကို မိဘနဲ့ တဂိုဏ်းတည်းထားပါတယ်။ အနန္တော အနန္တငါးပါးထဲမှာ ပရိသတ်လည်း ပါပါတယ်ရှင့်" ဆိုပြီး Bella Cosmetics Commercial ရဲ့ MC interview မှာ ပြောဆိုခဲ့ပါတယ် ပရိသတ်ကြီးရေ………

ပရိသတ်ကို အရမ်းအလေးထားတဲ့ အေးမြတ်လေးကို ချစ်ကြတယ်မဟုတ်လား ပရိသတ်ကြီး………

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။