ယနေ့ခေတ်ကာလမှာတော့ အင်္ဂလိပ်စာဟာ အဓိကကြတဲ့ ဘာသာစကားတစ်ခုဖြစ်လာပြီး တစ်ကမ္ဘာလုံးကလက်ခံအသုံးပြုနေကြတဲ့ ဘာသာစကားတစ်ခုပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာလည်း အင်္ဂလိပ်စာကိုလေ့လာလိုက်စားသူတွေ များစွာရှိလာပေမယ့် Eduacation First (EF) အဖွဲ့ကထုတ်ပြန်တဲ့ 2018 English Proficiency Index မှာတော့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာ အညံ့ဆုံးအောက်ဆုံးဆယ်နိုင်ငံတွေထဲမှာပါဝင်လာခဲ့ပါတယ်။

EF အဖွဲ့ဟာ အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးမပြုတဲ့ နိုင်ငံတွေရဲ့ နှစ်စဉ် အင်္ဂလိပ်စာတ်မြောက်မှုအခြေအနေကို စစ်တမ်းကောက်ယူပြီး အဆင့်သတ်မှတ်ပေးနေတဲ့အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။

အခုထုတ်ပြန်လာတဲ့အဆင့်သတ်မှတ်ချက်အတွင်းမှာဆိုရင်လည်း အဆင့် 88 ထိရှိနေတဲ့အနက် မြန်မာနိုင်ငံအနေနဲ့ အဆင့် 82 နေရာမှာရှိနေတာပဲဖြစ်ပါတယ်။ 

အာဆီယံနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကတော့ အဆင့်3 နေရာမှာရပ်တည်နေပြီး သူ့ရဲ့အထက်မှာတော့ ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံတို့က အဆင့် ၁ နဲ့ ၂ နေရာတွေမှာရှိနေပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အင်္ဂလိပ်စာကို ပိုပြီးလေ့လာကြိုးစားသင်ယူဖို့လိုနေပြီနော် ပရိသတ်ကြီးရေ။ 

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။