လာမယ့်နိုဝင်ဘာ၁၂ရက်နေ့ည၆နာရီအချိန်မှာတော့ကမ္ဘောဒီးယားအသင်းနဲ့မန္တလာသီရိကွင်းမှာပထမဆုံးပွဲအဖြစ်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းကတော့အပြီးသတ်လူစာရင်းကိုမထုတ်သေးပေယ့်အာစီယံအသင်းအချို့ကတော့အပြီးသတ်စာရင်းတွေထုတ်ပြန်ခဲ့တာပါ။လက်ရှိမှာတော့မြန်မာအသင်းဟာကာတာနိုင်ငံကိုခြေစမ်းပွဲတွေလေ့ကျင့်ခန်းတွေလုပ်ဖို့ရောက်နေတာဖြစ်ပြီးနက်ဖြန်မှာမြန်မာနိုင်ငံကိုပြန်ရောက်မှာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာတောက်လျောက်ခြေစမ်းပွဲတွေလေ့ကျင့်ခန်းတွေကိုမနားတမ်းပြုလုပ်နေတာကြောင့်ကစားသမားတွေနဲ့ပွဲပန်းမှုတွေကိုရင်ဆိုင်နေရတာပါ။ပွဲပန်းမှုတွေရင်ဆိုင်ကတာလည်းဆူဇူကီးဖလားပြိုင်ပွဲမှာသက်လုံကောင်းဖို့အတွက်ပင်ပန်းမှုတွေအံတုပြီးနိုင်ငံလက်ရွေးစင်အသင်းအတွက်ပင်ပန်းခံကြိုးစားနေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာပြန်ရောက်လာတာနဲ့လေ့ကျင့်ခန်းတွေလုပ်မှာမဟုတ်သေးပဲခရီးပန်းတာကြောင့်အနားယူဖို့လိုအပ်နေတာဖြစ်ပါတယ်။မြန်မာအသင်းဟာအနားယူပြီးတာနဲ့မန္တလေးမြို့ကိုသွားရောက်ပြီးလေ့ကျင့်ခန်းတွေနဲ့အပြီးသတ်လူစာရင်းထုတ်ပြန်တော့မှာဖြစ်ပါတယ်။ပရိတ်သတ်တွေကလည်းအပြီးသတ်လူစာရင်းထုတ်ပြန်မှာကိုစောင့်မျှော်နေကြတာဖြစ်ပါတယ်။အကောင်းဆုံးလူစာရင်းအကောင်းဆုံးလေ့ကျင့်မှုတွေနဲ့ပြင်ဆင်ထားတဲ့မြန်မာအသင်းရဲ့ဆူဇူကီးပြိုင်ပွဲတွေကိုလည်းအားပေးကြပါဦးနော်.

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။