ကိုယ့်လမ်းကိုယ် ဖောက်နိုင်ပြီး ဂီတရပ်ဝန်းမှာ ခိုင်မာတဲ့အဆင့်တစ်ခုစီရရှိနေပြီဖြစ်တဲ့ တေးသံရှင်အိုင်းရင်းဇင်မာမြင့်နဲ ့နီနီခင်ဇော်တို ့ရဲ ့ဆက်ဆံရေးဟာ

ပရိသတ်တွေ ထင်သလို မဟုတ်ပါဘူးလို ့အိုင်ရင်းက မဟာဖျော်ဖြေရေး သတင်းဌာနကို ပြောပါတယ်။

“ဟိုအရင်တစ်ချိန်တုန်းကတော့ ကောလဟလ တစ်ခုအနေနဲ့

ထွက်လာလို့ကြားမိသေးတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ပွဲကလာတော့

ပရိတ်သတ်ရဲ့ အမြင်လည်းဖြစ်ကောင်းဖြစ်မယ်ပေါ့ ။

တချို့ကိစ္စကျတွေကျတော့လည်း ပရိတ်သတ်ထင်ထားတာတွေက

ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ လက်ရှိအချိန်မှာတော့ (၈)နှစ်လောက်လည်းကြာသွားပြီ ။

ကလေးဘဝက ဖြစ်ခဲ့တာတွေဆိုတော့ ကောလဟလ အနေနဲ့ပဲ ရှိနေပါတော့တယ် ။

အခုကတော့ ကိုယ့်လမ်းကို ခိုင်ခိုင်မာမာ ဖောက်နေကြပြီဖြစ်တဲ့အတွက်

ဒီကိစ္စ တွေ မရှိသလောက်ဖြစ်နေပါပြီ ။အခု ပွဲတွေမှာဆုံဖြစ်ရင်လည်း

သာမန်အတိုင်းပုံမှန်ဆက်ဆံရေးရှိနေပါတယ်” လို့ှှဆိုပါတယ် ။

ဖျော်ဖြေရေးပွဲတွေကို နှစ်ယောက်ဆုံပြီး ဆိုဖို ့ငြင်းဆန်နေတယ်လို ့သတင်းတွေ ထွက်ပေါ်လာရာကနေ စပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြခြင်းဖြစ်ပါ

တယ် ။ ယခုလအတွင်း တစ်ကိုယ်တော်ခွေထွက်ဖို ့စီစဉ်နေပါတယ် လို ့လည်း အိုင်ရင်းကပြောသွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။